အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

ကျွန်တော် တိုင်းရင်းကြက် အကောင်(၇၀)မွေးမြူထားပါတယ်၊ ကြက်တဲဆောက်လုပ်ထားပေးပြီး ကြက်ဥတင်းများလည်းထားပေးပါတယ်၊ ကျွန်တော် လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲကတော့ ကြက်တဲတခုလုံးမှာ ကြက်သန်း(ကြက်လှေး)များ ပွားများနေပါတယ်၊ ဘယ်လို နှိမ်နင်းရမလဲသိချင်ပါတယ်(သူငယ်ချင်း share ထားတဲ့ ပင်လုံးပြန့်ပိုးသတ်ဆေးနဲ့ နှိမ်နင်းလို့ရနိုင်မလား) တိုင်းရင်းကြက်မွေးမြူရေးနဲ့ပတ်သက်ပြီး အကြံပြုချက်များလည်းပေးပါဦး သူငယ်ချင်း

ခေတ်သစ်စိုက်ပျိုးရေး အခြား
3

ဖြေကြားချက် ၃ ခု

SiThu
SiThu 233 လွန်ခဲ့သော ၄ နှစ် က

အကိုရေ တိုင်းရင်းကြက်သားပေါက်ဝယ်ယူလိုရတဲ့နေရာသိခြင်ပါတယ်​ပြောပြပေးပါ

အမည်မသိ
အမည်မသိ 12,778 လွန်ခဲ့သော ၈ နှစ် က

ကြက်သန်း(ကြက်လှေး)တွေများကိုနှိမ်နှင်းရန်အတွက်။ ကျွန်တော့အတွေ့အကြုံနဲ့ ပြန်လည်ဝေမျှပါတယ်။ ကြက်ခြံပတ်လည်မှာ ထုံးတွေ ပုံမှန်အနေအထားလောက် ဖြူးထားပေးပါ။ ပြီးရင် ကြက်တင်းတွေမှာ ဆေးရွက်ကြီးနည်းနည်းစီချိတ်ထားပေးပါ။ နောက်ပြီး ကြက်ခြံကို ဝါးပေါင်းခံရည် ကိုရေအဆ ၅၀ရောပြီး ပက်ဖြန်းပေးပါ။ ကြက်ခြံ နေရောင်ခြည်နည်းနေရင် အပင်တွေကို နဲနဲလေးရှှုင်းပေးပါ။ တခြားဓါတုဆေးနည်းတော့ကျနော်အားမပေးပါ။။

အမည်မသိ
အမည်မသိ 12,778 လွန်ခဲ့သော ၈ နှစ် က

ကျွန်တော်တို့အနေနဲ့ မွေးမြူရေးနဲ့ ပတ်သတ်ပြီး သိပ်နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နဲ့ သိတဲ့ တိ/မွေး ဆရာကြီးတွေ ဆီမှာ ပြန်မေးပေးပါ့မယ်။ အခုလို စိတ်ဝင်စားတာ ကျေးဇူးတင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။