ဖြေကြားချက် ၂ ခု
ပြောင်းဖူးအခုလိုဖြစ်ရတဲ့အကြောင်းအရင်းများစွာရှိပါတယ် ၁/ဝတ်မှုန်ကူးမှုအားနည်းခြင်း၊ ၂/ရေလိုအပ်ချိန်မှာရေမလုံလောက်ခြင်း ၃/အဟာရချို့တဲ့ခြင်း(အထူးသဖြင့်Nitrogen,Zinc,Boron, Potassiumချို့တဲ့ခြင်း) ၄/ဖျက်ပိုးကျခြင်း(အထူးသဖြင့်ဖူးစားပိုးဖျက်ဆီးခြင်း) ၅/ရောဂါတစ်မျိုးမျိုးကျရောက်ခဲ့ခြင်း ၆/မျိုးစေ့မကောင်းခြင်း အထက်ပါ၆ချက်ထဲက မည်သည့်အချက်ဖြစ်နိုင်မလဲစဉ်းစားကြည့်ပါဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပြောင်းစိုက်နည်းလမ်းများကို သိချင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 2 ခု
ခုချိန်ပြောင်းစိုက်ရင်ဘယ်လို့လုပ်ရမလဲဗျ နှင်းတော့အရမ်းကျတယ်အေးလဲအေးတယ်ဗျ
ဖြေကြားချက် 3 ခု
ဆောင်းရာသီအတွင်းစိုက်ပျိုးနိုင်သောအပင်များကိုပြောပြပေးပါ
ဖြေကြားချက် 3 ခု
အပင်အရပ်က 4ပေလောက်ပဲရှိတယ်ဗျ ဆောင်တွင်းမို့အပင်မမြင့်တာလား၊အဖူး ဖူးနိုင်သေးလား၊ အဖူးကေရာအပင်နဲ့ဆိုင်လားဗျ
ဖြေကြားချက် 3 ခု
သကြားပြောင်းဖူးပင်အရွက်တေပုံထဲးကလိုဖြစ်နေလို့ဘာဆေးဖြန်ရမလဲဗျအရင်က အိုဗာနဲ့ မာဃအီမာပက်ထားတယ်အကြံပြုပါဦးခင်ဗျာ
ဖြေကြားချက် 1 ခု