အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
696
လွန်ခဲ့သော ၇ လ က · ငပုတော

ဖရဲကို အသီးတလုံးကနေနှစ်လုံးတင်ပြီးရင် ခေါင်ညွန့်ကိုဖြတ်ပေးသင့်ပါသလား ကိုင်းတက်တွေကိုကော ဖြတ်ပေးသင့်ပါသလား ဖြတ်...

ဖရဲကို အသီးတလုံးကနေနှစ်လုံးတင်ပြီးရင် ခေါင်ညွန့်ကိုဖြတ်ပေးသင့်ပါသလား ကိုင်းတက်တွေကိုကော ဖြတ်ပေးသင့်ပါသလား ဖြတ်ပေးရင် ကောင်းကျိုးဆိုးကျိုးသိချင်ပါတယ် ဆရာကြီးခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
စိုက်ပျိုးနည်း ဖရဲ ဖရဲစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၇ လ က

အပင်ရဲ့ အလုပ်လုပ်အားကြည့်ပါ။ အရွက်တွေသန်နေတယ်၊ကိုင်းအားလည်းကောင်းတယ်။အသီးကလည်း လက်သီးဆုပ်လောက်ရှိပြီဆိုရင် အသီး နောက်၊၄ရွက် ၅ရွက်ချန်ပြီးဖြတ်နိုင်ပါတယ်။မဖြတ်ရင် အညွန့်ဆီကို အားများပြီး အသီးဖက်အားနည်းနိုင်ပါတယ်။

123 လွန်ခဲ့သော ၇ လ က

အပင်အရင်းကနေမိမိယူမဲ့အသီးကင်းရှိတဲ့အဆစ်နေရာကြားမှာရှိတဲ့ထွက်လာတဲ့အကိုင်းများကိုဖြက်တောက်ပါ ယူမဲ့အသီးကင်းအ‌ေပါ်ပိုင်းကအကိုင်းနှင့်ခေါင်အညွန့်ကိုဖြက်တောက်ရန်မသင့်ပါ

46 လွန်ခဲ့သော ၇ လ က

ဆီအုန်းပင် မာဂျင်းအုတ်နည်း သိချင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။