အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကျော်မြင့်အေး
လွန်ခဲ့သော ၇ လ က · ထားဝယ်

နံနံပင်တွေအရွက်ခြောက်ပြီးသေတယ်၊အပင်ညှို့ပြီးလဲသေတယ်၊ဘာရောဂါဖြစ်တာလဲ၊ဘယ်လိုကာကွယ်ရမှာလဲ၊ဘာဆေးတွေ့သုံးရမှာလဲ

စိုက်ပျိုး ရေ နံနံ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,557 လွန်ခဲ့သော ၇ လ က
ဤအဖြေဖြင့် ပြေလည်

နံနံပင်တွေ အရွက်ခြောက်ပြီး ညှိုးသေတာဟာ အဓိကအားဖြင့် ပင်ညှိုးရောဂါ (Fusarium Wilt) ဒါမှမဟုတ် ပင်ခြေပုပ်/အမြစ်ပုပ်ရောဂါ ကြောင့် ဖြစ်ရတာပါ။ အစိုဓာတ်များလွန်းရင် ဒါမှမဟုတ် ရေဝပ်ရင်လည်း အမြစ်ပုပ်ပြီး အပင်သေတတ်ပါတယ်။ရောဂါရနေတဲ့ အပင်တွေကို မြင်မြင်ချင်း နုတ်ယူပြီး စိုက်ခင်းနဲ့ဝေးရာမှာ မြေမြှုပ် ဒါမှမဟုတ် မီးရှို့ဖျက်ဆီးပါ။ အပင်ခြေတွေကို မက်ကိုဇက် (Mancozeb) ဒါမှမဟုတ် ကာဘင်ဒါဇင် (Carbendazim) ပါဝင်တဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို ညွှန်ကြားချက်အတိုင်း ဖျန်းပေးပါ။ ဆေးရည်ကို ပင်ခြေအထိရောက်အောင် ဖျန်းပေးရင် ပိုထိရောက်ပါတယ်။ းရေဝပ်နေရင် ရေနုတ်မြောင်းဖော်ပေးပါ။ မြေကြီးကို အစိုဓာတ် အသင့်အတင့်ပဲ ထားပါ။ နွားချေးအစိမ်း မသုံးပါနဲ့ (နွားချေးအစိမ်းက မှိုပွားစေတတ်ပါတယ်)။ သေချာဆွေးမြည့်တဲ့ မြေဆွေးကိုပဲ သုံးပါ။ တစ်နေရာတည်းမှာ နံနံပင်ကိုပဲ ဆက်တိုက်မစိုက်ဘဲ အခြားသီးနှံနဲ့ လှည့်စိုက်ပေးပါ။ ပုံမြင်ရရင်တော့ပိုခန့်မှန်းပေးနိုင်ပါမယ်ခင်ဗျာ၊ Viber//09978631606မှာပုံပို့မေးလို့ရင်‌ပို့ထားပေးပါ

ကျော်မြင့်အေး
ကျော်မြင့်အေး 316 လွန်ခဲ့သော ၆ လ က

မြေမှာကြိုဖြန်းလိုရလာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။