အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
63
လွန်ခဲ့သော ၆ လ က · ဝါးခယ်မ

အခုမှစစိုက်မှာပါ ဆလပ်ရွက်စိုက်ပျိုးနည်းပြောပြပေးကြပါရှင့် နေရောင်ခြည်သိပ်မရတဲ့နေရာမှာစိုက်လို့အဆင်ပြေလားရှင့်...

အခုမှစစိုက်မှာပါ ဆလပ်ရွက်စိုက်ပျိုးနည်းပြောပြပေးကြပါရှင့် နေရောင်ခြည်သိပ်မရတဲ့နေရာမှာစိုက်လို့အဆင်ပြေလားရှင့် စိုက်သင့်တဲ့ မြေအနေ‌ထားလဲပြောပြပေးပါနော်

စိုက်ပျိုးနည်း ဆလပ်

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၆ လ က

မေးခွန်းရှင် မေးထားသလို နေရောင်ခြည် သိပ်မရတဲ့နေရာမှာ စိုက်လို့ အဆင်ပြေပါတယ်။ ဆလပ်ရွက်ဟာ အေးမြတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပြီး Semi-shade (အရိပ်တစ်ပိုင်းတစ်စ) ရှိတဲ့နေရာတွေမှာ ကောင်းကောင်း ဖြစ်ထွန်းပါတယ်။ နေရောင်ခြည် တိုက်ရိုက်မရရင်တောင် တစ်နေ့ကို (၄) နာရီကနေ (၆) နာရီခန့် အလင်းရောင်ရရှိဖို့ လိုအပ်ပါတယ်။ နေပူလွန်းရင် အရွက်တွေ ရင့်သွားတတ်တာကြောင့် အရိပ်ရတဲ့နေရာမှာ စိုက်တာက အရွက်ပိုနုပြီး စားလို့ ပိုကောင်းစေပါတယ်။ ဆလပ်ရွက်အတွက် ရေစီးရေလာကောင်းမွန်ပြီး နုန်းမြေ (သို့မဟုတ်) သဲနုန်းမြေ က အသင့်တော်ဆုံး ဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။