အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
466
လွန်ခဲ့သော ၆ လ က

သင်္ဘောပင်တွေမှာ ကျရောက်တတ်သော ဘက်တီးရီးယားရောဂါနှင့် မှိုရောဂါများ ​အကြောင်းသိချင်ပါတယ် ဖြစ်ခဲ့ရင် ဘယ်လို...

သင်္ဘောပင်တွေမှာ ကျရောက်တတ်သော ဘက်တီးရီးယားရောဂါနှင့် မှိုရောဂါများ ​အကြောင်းသိချင်ပါတယ် ဖြစ်ခဲ့ရင် ဘယ်လိုနှိမ်နင်းရမလည်း စိုက်ထားတာ ၁လရှိပါပြီ

3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

သဘောပင်မှာဆိုးဝါးစွာကျတဲးရောဂါကmosic ရောဂါနဲ. ပိုးစေးနဲကောင်ဖြစ်တယ်ထိသေစားသေပိုူသတ်ဆေးသာမှန်မှန်ဖျန်းပေးရင်ရပါတယ်

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၆ လ က

သင်္ဘော မှာ လက်တွေ့ တွေ့ကြုံရတာက ရွက်တွန့်ဗိုင်းရပ်ရောဂါဖြစ်ပါတယ်။ စုပ်စားပိုး မှတဆင့် ကူးစက်ပြီး အပင်မကြီးနိာင်၊မသီးနိုင်ဖြစ်တတ်ပါတယ်။ဒါကြောင့် စုပ်စားပိုးကို နိုင်အောင်ကာကွယ်ပါ။ ရေနဲ့အစာကို သင့်တင့်အောင်ကျွေးပါ။

349,566 လွန်ခဲ့သော ၆ လ က

သင်္ဘောပင်တွင် ကျရောက်တတ်သော အဓိက မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - ၁။ မှိုရောဂါများ (Fungal Diseases) ပျိုးပင်ခါးရိရောဂါ (Damping off): ပျိုးပင်ငယ်စဉ်တွင် ပင်ခြေမှ ပုပ်၍ လဲကျသေဆုံးစေသည်။ ရေဝပ်ခြင်းနှင့် စိုထိုင်းဆများခြင်းကြောင့် အဖြစ်များသည်။ သင်္ဘောပင်ခြေပုပ်/အမြစ်ပုပ်ရောဂါ (Foot rot/Root rot): Phytophthora မှိုကြောင့် ဖြစ်ပွားပြီး ပင်စည်ခြေပိုင်းတွင် ရေစိုနာကဲ့သို့ဖြစ်ကာ အပင်တစ်ပင်လုံး ညှိုးသေစေသည်။ ဖားဥမှို (Powdery Mildew): အရွက်မျက်နှာပြင်ပေါ်တွင် အဖြူရောင် အမှုန်များ ဖုံးလွှမ်းလာပြီး အရွက်များ အရောင်ဖျော့ကာ ကြွေကျစေသည်။ မှည့်ပြောက်စွန်းရောဂါ(Anthracnose): အသီးများပေါ်တွင် အညိုရောင် အဝိုင်းကွက်များ (အချိုင့်နာများ) ဖြစ်ပေါ်စေပြီး မှည့်လာပါက ပုပ်လွယ်စေသည်။ ၂။ ဘက်တီးရီးယားရောဂါများ (Bacterial Diseases) ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt): Ralstonia solanacearum ဘက်တီးရီးယားကြောင့် ဖြစ်ပြီး အပင်သည် အစိမ်းလိုက် ညှိုးကျသေဆုံးသွားတတ်သည်။ ပင်စည်ကို ဖြတ်ကြည့်ပါက အူတိုင်တွင် ဘက်တီးရီးယား အချွဲများကို တွေ့ရတတ်သည်။ ဘက်တီးရီးယားရွက်စက်ပြောက်ရောဂါ (Bacterial Leaf Spot): အရွက်များပေါ်တွင် ရေစိုနာကဲ့သို့ အမည်းစက်လေးများ စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အရွက်များ ဝါ၍ ခြောက်သွားစေသည်။ ကာကွယ်နှိမ်နင်းရန် အကြံပြုချက်များ: စိုက်ခင်းတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ ကောင်းမွန်စွာ ပြုလုပ်ပါ။ ရောဂါကင်းသော မျိုးစေ့နှင့် ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးပါ။ ရောဂါကျနေသော အစိတ်အပိုင်းများကို ဖယ်ရှား မီးရှို့ဖျက်ဆီးပါ။ မှိုရောဂါအတွက် မှိုသတ်ဆေး (ဥပမာ မန်ကိုဇက်) နှင့် ဘက်တီးရီးယားအတွက် ဘက်တီးရီးယားသတ်ဆေး (ဥပမာ - ကော့ပါး၊စထရက်တိုမိုင်စင်) တို့ကို စနစ်တကျ အသုံးပြုနိုင်ပါသည်။ သင်္ဘောပင်တွင် ဗိုင်းရပ်စ်ရောဂါ (ဥပမာ - အရွက်တွန့်ရောဂါ) လည်း အဖြစ်များတတ်ပြီး ၎င်းကို ပျပိုးများမှတစ်ဆင့် ကူးစက်စေတတ်သဖြင့် ပိုးမွှားနှိမ်နင်းရေးကိုလည်း ဂရုစိုက်သင့်ပါသည်။ ပိုး၊ရောဂါတစ်ခုခုကျခဲ့ရင် ရောဂါကျအစိတ်အပိုင်းကို ပုံရိုက်ပြီးတင်မေးထားနိုင်ပါသည်

You

ဆက်စပ်မေးခွန်းများ

သ‌ဘောပင်လေးတွေ ဘာဖြစ်တာလဲဗျ နှစ်ပင်လုံးကတမျိုးစီဖြစ်နေသလိုပဲ

ဖြေကြားချက် 1 ခု

ရောဂါအမည်နှင့်ကုသလို့ရတဲ့ပိုးသတ်ဆေးသိချင်ပါတယ်။ဘယ်ကုသယင်ရနိုင်သလဲ။ ဗျာ

ဖြေကြားချက် 1 ခု

အဲ့လို ဖြစ်နေတာ အီးအမ် သို့ ငါးအမိုင်နိုအက်စစ် ဖျန်းရင် ရနိူင်ပါသလားခင်ဗျ ရနိုင်ရင် ဘယ်လိုစပ်ပြီး ဘယ်ချိန်တွေ...

ဖြေကြားချက် 1 ခု

ဆရာ သင်္ဘောပင်စိုက်ထားတာ ၂လရှိပြီ ၁၀ပင်လောက်မှာ သည်လိုဖြစ်နာ အဝါရောင်ဗိုင်းရပ်စ် စကျတာလားဗျာ ပိုးသတ်ဆေးက ၁၀ရက်...

ဖြေကြားချက် 3 ခု

သဘေ်ာပင်က ပုံပါအတိုင်း အဝါရောင်းပြောင်းသွားပြီး တစ်ပင်လုံးအရွက်တွေဝါကုန်ပါတယ်ဗျာ ပြီးတော့ အနီးအနားအပင်တွေလည်း...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။