ကျနော် ၁၆ရက်သား နှမ်းခင်းလေး ပိုးကျနေလို့ ဘာဆေးဖျန်းရမလဲ ပြောပြပေးပါအုန်းဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၆ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာ
အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
အပင်သက်တမ်းက (၁၆) ရက်သားပဲ ရှိသေးတော့ အရမ်းနုနယ်တဲ့ အချိန်ဖြစ်ပါတယ်။ အခုလို အရွက်ကိုက်စားပိုးတွေ ကျရောက်နေရင် အပင်ကြီးထွားမှု မနှေးသွားအောင် ပင်လုံးပျံ့အာနိသင်ရှိတဲ့ ပိုးသတ်ဆေး (ဥပမာ - Emamectin Benzoate- အီမာမက်တင် ဘင်ဇိုအိတ်, Flubendiamide) တစ်မျိုးမျိုးကို အသုံးပြုပေးပါဗျ။ ပိုးကောင်တွေက ညနေပိုင်းမှာ ပိုလှုပ်ရှားတတ်တာကြောင့် ညနေခင်း နေအေးချိန် မှာ ဆေးဖျန်းပေးတာက အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။ ဆေးဖျန်းတဲ့အခါမှာလည်း အရွက်မျက်နှာပြင်တင်မကဘဲ အရွက်အောက်ဘက်တွေပါ ဆေးနှံ့စပ်အောင် ဂရုစိုက်ဖျန်းပေးပါခင်ဗျာ။
ညအချိန် ရွက်စားပိုးလေးတွေ ကိုက်ဖောက်တာပါ။ညနေစောင်းအချိန်မှာ၊စွဲကပ်ဆေးနဲ့ အီမာမက်တင် ဖျန်းလိုက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အပွင့်လေးတေကြွေပိး..အရွက်လေးတေအလိုဖစ်နေလို့ ပိုးလား ရောဂါလား ဘာကြောင်းလည်းဆရာတို့
ဖြေကြားချက် 1 ခု
နှမ်းပင်ပိုးကျနေလို့ပါဆရာ ဘာဆေးဖြန်းသင့်ပါသလဲ အပင်က ငယ်သေးတော့ ဆေးဒဏ်ခံနိုင်ရည်ရိှမရှိပါဖြေပေးပါဆရာ ပိုးကင်တဲ့...
ဖြေကြားချက် 1 ခု
မိတ်ဆွေပိုးများကိုပုံးနဲ့တကွဘယ်လိုအကျိုးပြုတယ်ဆိုတာပါပြောပြပေးကြပါ
ဖြေကြားချက် 1 ခု
နှမ်းအတွက် အကောင်းဆုံး ပိုးသတ်ဆေး အားဆေးများညွှန်းပါ
ဖြေကြားချက် 1 ခု
နှမ်းပင်များကုပ်နေပါတယ် ဘာဖြစ်တာလဲ ဘာဆေးဖျန်းရမှန်းမသိလို့ပါခင်ဗျာ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။