အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
328
လွန်ခဲ့သော ၆ လ က · အိမ္မဲ

သီနှံပင်တေကိုမြေဩဇာကြွေးတဲ့နေရာမာအစိုင်ခဲလိုက်မကျွေးပဲအရေဖျော်ပီးကျွေးဝာာပိုကောင်းလားဗ်ပီးတော့အဲ့လိုရေဖျာ်ပီး...

သီနှံပင်တေကိုမြေဩဇာကြွေးတဲ့နေရာမာအစိုင်ခဲလိုက်မကျွေးပဲအရေဖျော်ပီးကျွေးဝာာပိုကောင်းလားဗ်ပီးတော့အဲ့လိုရေဖျာ်ပီးကြွေးတာပိုကောင်းတယ်ဆိုရင်15ပတ်လဲတို့ယူရီးယားဓါတ်‌ေမြဩဇာတို့ကိုယူရီးယားဘယ်လောက်ဆိုရေဘယ်လောက်အတိုင်းတာထည့်ဖျော်ရမလဲဖြေပေးပါပီးရင်အပင်တစ်ပက်ကိုဘယ်တိုင်းတာလောက်လောင်းပေးရမလဲဗ်ဥပမာတစ်ပင်ကို1လီတာသြိ့မဟုတ်လီတာဝက်လောက်/1လီတာရဲ့သုံးပုံတစ်ပုံ

အပင်အာဟာရ ခရမ်းသီး ခရမ်းသီးမြေသြဇာကျွေးနည်း
Post image

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၆ လ က

မင်္ဂလာပါခင်ဗျာ။ မြေဩဇာကို ရေဖျော်တိုက်ကျွေးတာဟာ အပင်အတွက် အာဟာရ ပိုမိုမြန်ဆန်စွာ ရရှိစေလို့ အလွန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်ဗျ။ နှုန်းထားအနေနဲ့ကတော့ ရေစည်ကြီးများဖြင့် ဖျော်စပ်လျှင် (ဥပမာ- ရေဂါလံ ၅၀ ဆံ့ စည်)အတွက်ဆိုရင် ၁၅-ပတ်လည် - ၁ ပိဿာခန့်၊ယူရီးယား - ၅၀ ကျပ်သားခန့်။ အပင်တစ်ပင်ကို နို့ဆီဘူးတစ်ဘူးဝန်းကျင်လောက် အပင်ခြေကို လောင်းပေးနိုင်ပါတယ်ဗျ။ မြေကြီး အစိုဓာတ်ရှိချိန်မှာ လောင်းပေးရင် ပိုမိုထိရောက်ပါတယ်ခင်ဗျာ။ သတိပြုရန် မြေကြီး အစိုဓာတ်ရှိနေချိန်မှာ လောင်းပေးတာက အမြစ်လောင်တာကို ကာကွယ်ပေးပြီး အာဟာရစုပ်ယူမှု ပိုကောင်းစေပါတယ်။ အပင်ခြေကို တိုက်ရိုက်မလောင်းဘဲ အမြစ်များရှိရာ အပင်ပတ်ပတ်လည် (Drip line) နေရာကို လောင်းပေးတာက ပိုမိုထိရောက်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။