အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
523
လွန်ခဲ့သော ၆ လ က · စစ်ကိုင်း

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကြက်သွန်နီ မိုးတွင်းမှာစိုက်မယ်ဆိုရင် ဘယ်လိုစိုက်ပျိုးရမလဲ...

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကြက်သွန်နီ မိုးတွင်းမှာစိုက်မယ်ဆိုရင် ဘယ်လိုစိုက်ပျိုးရမလဲ မျိုးစေ့ကိုပျိုးပြီးမိုးတွင်းမှာစိုက်လာကြတာလိုင်းပေါ်မှာမြင်တွေလာရလို့ပါ ဇော်မွှားမျိုးရအောင်ဘယ်လိုပြုလုပ်ရမလဲခင်ဗျ ကျွန်တော်တို့နယ်ဘက်အခေါ်ကြမ်းကျွန်စိုက်တာပင်ပွားတွေအထွက်များပြီးအူတိုင်တွေပါလို့ပါ မိုးတွင်းမှာဘယ်လိုမျိုးဘယ်လိုစိုက်စနစ်နဲ့မြေဩဇာဘယ်လိုကျွေးရမယ် ပိုးသတ် မှိုသတ် ပေါင်းသတ်ဘယ်လိုလုပ်ဆောင်ရမလဲသိပါရစေ

စိုက်ပျိုးနည်း ကြက်သွန်နီ ကြက်သွန်နီစိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

349,566 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

မိုးတွင်းမှာ ကြက်သွန်နီ စိုက်မယ်ဆိုရင် ရေမဝပ်ဖို့အတွက် ဘောင်မြင့်မြင့် ဖော်စိုက်ဖို့ အဓိက လိုအပ်ပါတယ်ဗျ။ မျိုးအနေနဲ့ မိုးဒဏ်ခံနိုင်တဲ့ ရွှေဖလားမျိုး ကို သုံးပြီး ဥစိုက်စနစ်နဲ့ စိုက်တာက ပိုသေချာပါတယ်။ မိုးတွင်းမှာ မှိုရောဂါ ကျရောက်မှု များတတ်လို့ မန်ကိုဇက် ဒါမှမဟုတ် ကော့ပါး ပါတဲ့ မှိုသတ်ဆေးတွေကို ပုံမှန် ကြိုတင်ကာကွယ် ဖြန်းပေးရပါမယ်။ မြေပြုပြင်တဲ့အခါမှာလည်း ထုံး နဲ့ ဆာလ်ဖာ ထည့်ပေးခြင်းက ဥတွေကို အမြစ်ပုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ကြက်သွန်းနီ၁၀ရက်သားပါဆေးဖျန်းသင့်ပါသလားဗျဖျန်းသင့်ရင်လဲဘာဆေးနဲကာကွယ်သုံးသင့်ပါလဲဗျ

ဖြေကြားချက် 1 ခု

ပျိုးခင်းမှာ မိုးများထားလို့ ဘာလုပ်သင့်လဲ ဆရာတို့ ခင်ဗျ ပိုက်ဖြန်းပျိုးထားတာ ပါ မြေခံ ၁၅ လည် နဲ့ လှည်းယဥ် (...

ဖြေကြားချက် 1 ခု

ြကက်သွန်နီကို သဲဆန်သော ‌ေြမတွင်စိုက်ပျိုးရန်သင့်ပါသလား မျှဝေပေးြကပါဦးခဗျာ

ဖြေကြားချက် 2 ခု

ကြက်သွန်နီ စတင်စိုက်ပျိုးရန်သင့်တော်သောလ ပျိုးထောင်ရန်ကြာချိန် ပျိုးပင်သက်တမ်းဘယ်လောက်မှာစတင်စိုက်ပျိုးသင့်...

ဖြေကြားချက် 1 ခု

မြစ်သားကြက်သွန်ကဘယ်လပိုင်းမှာ ပျိုးရလဲဗျ မိတ်ထောင်ဥစိုက်ရင်တစ်ဧက ပိသာချိန်ဘလောက်ကုန်လဲဗျ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။