သခွားမှာ ဘာပိုးကျတာလဲ ဘာအကောင်မှမတွေ့ပါလား ဘာဆေးဖျန်းရမလဲ အကြံပေးပါအုံးဆရာ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၂၁ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
အခု သခွားပင်မှာ ဖြစ်နေတာက ရွက်ထွင်းယင် (Leaf Miner) ကျရောက်နေတာ ဖြစ်ပါတယ်ဗျ။ အရွက်ထဲမှာ အကောင်လေးတွေက လမ်းကြောင်းဖောက်ပြီး စားနေတာဖြစ်လို့ (Abamectin, Acetameprid, Spinosad,Spiromesifen) ပါဝင်တဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို (၅) ရက် တစ်ကြိမ်နှုန်းနဲ့ (၂) ကြိမ်ခန့် အနှံ့အပြား ဖျန်းပေးပါဗျ။ အကောင်ကြီး ယင်တွေကို ဖမ်းဖို့အတွက်လည်း အဝါရောင် ကပ်စေးပြား လေးတွေ သုံးပေးဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သခွားက ရွက်ထွင်းပိုးကျတာလားဆရာ အဆီတာ20+လန်ပဒါ5%ဖျန်းထားတယ်ဆရာ အဲ့ဆေးက ရွက်ထွင်းပိုးကို နိုင်ပါသလား ဆရာကြီးခင်...
ဖြေကြားချက် 3 ခု
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်...
ဖြေကြားချက် 2 ခု
သခွားတစ်လသားလောက်တော့ရှိပါပီအပင်ကတက်မလာဘူးပန်းပွင့်နေပီ အပင်လဲညိုးပါတယ်ဘာဖြစ်နိုင်ပါသလဲရှင့်
ဖြေကြားချက် 3 ခု
ဘာရောဂါကျတာလဲခင်ဗျ။ ဘာဆေးသုံးရမလဲခင်ဗျ။ #သခွားမွေး
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။