အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Chan Myae Htun
လွန်ခဲ့သော ၅ လ က · ဝက်လက်

ဆရာတို့ မှိုဆေးကို ဒီနေ့လိုဖျန်းပီးအားဆေးနဲ့ပိုးသတ်ဆေး တွဲလုံးကို ဘယ်နှရက်ခြားပီး ဖျန်းလို့ရပါသလဲ?

အပင်အာဟာရ နှမ်း

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်

မှိုဆေးဖျန်းပြီးရင် အားဆေးနဲ့ ပိုးသတ်ဆေးကို ၃ ရက်ကနေ ၅ ရက်ခန့် ခြားပြီးမှ ဖျန်းပေးတာ အကောင်းဆုံးပါဗျ။ ဘာကြောင့်လဲဆိုတော့ - ၁။ အပင်က မှိုရောဂါဒဏ် ခံနေရချိန်မှာ အားဆေးချက်ချင်းကျွေးရင် ရောဂါပိုးကိုပါ အားပေးသလို ဖြစ်တတ်ပါတယ်။ ၂။ ဆေးအာနိသင် တစ်ခုနဲ့တစ်ခု မတိုက်မိစေဖို့နဲ့ အပင်လောင်တာမျိုး မဖြစ်စေဖို့အတွက် အခုလို ရက်ခြားပေးတာက ပိုစိတ်ချရလို့ပါပဲ။ အကယ်၍ အပင်က ရောဂါအရမ်းဆိုးနေရင်တော့ ရောဂါကို အရင်ထိန်းနိုင်အောင်လုပ်ပြီးမှ အားဆေးဖျန်းဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

Chan Myae Htun
Chan Myae Htun 603 လွန်ခဲ့သော ၅ လ က

မိုးတော်တော်ရွာသွားလို့ပါ ဆရာ ကျေးဇူးအထူးပါ ဆရာတို့

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၅ လ က

အနည်းဆုံး၊၃ရက်-၅ရက်ခြားပေးသင့်ပါတယ်။ အခုလို နေပူချိန်မှာ၊မှိုရောဂါ မဝင်တတ်ပါဘူး။မှိုသတ်ဆေးမဖျန်းလည်းရလောက်ပါတယ်။ မိုးရွာပြီးရင်တော့ဖျန်းပေးပါ။ နေပူချိန် ဆေးဖျန်းခြင်းကို ရှောင်ပေးပါ။

You

ဆက်စပ်မေးခွန်းများ

ဘာကောဂါဖြစ်တာလဲဗျ

ဖြေကြားချက် 2 ခု

ဆရာကြီးခဗျာ နှမ်းမှာပုံပါတိုင်း တွေ့နေလို့ ဘာ‌ေရားဂါဖြစ်တာလဲဗျ 25ရက်သားပါ 18ရက်သားမှာရေတင်ပုလဲကျွေးထားပါတယ်...

ဖြေကြားချက် 3 ခု

ဆရာတို့ဗျ နှမ်းပင် ၂၅ ရက်သားမာ မြေဆီအဖြူကျွေးထားပါတယ် မြေဆီကျွေးပီး ၃ ရက်လောက်အကြာမာ ရွက်ဖျန်းအားဆေး ဖျန်းလို့...

ဖြေကြားချက် 2 ခု

သဘာဝပိုးသတ်ဆေးမှိုသတ်‌ေဆးပြုလုပ်ပုံနည်းအဆင့်ဆင့်သိချင်ပါတယ်ရှင့် အသုံးပြုပုံလေးရောသိချင်ပါတယ်ရှင့်

ဖြေကြားချက် 16 ခု

သက်ရင်နှမ်းနက်မျိုး၁၇ရက်သားငါးအမိုင်နိုနဲ့အပ်တွဲပတ်လို့အဆင်ပြေလားခဗျအပ်ကိုဘယ်နူံးထားထည့်ရမလဲခဗျာအပင်အတွက်အ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။