အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
nan win htwe
nan win htwe 25
လွန်ခဲ့သော ၅ လ က · စစ်ကိုင်း

မနှစ် ဝါဆိုထဲက စိုက်တာ အခုတပေါင်းလထဲမှာ ခေါင်ညွန့်ကို အဲလိုပိုးတွေကျပြီး အရွက်တွေလိပ်တွန့်နေတယ် နောက်ပြီး စလင်းကိုင်းက အရွက်သစ်တောင် သိပ်မထွက်နိုင်တော့အောင် အမဲအဖက်လေးတွေကမကွာတော့လို့ဘယ်လိုပြုပြင်ရမလဲ ဘာဆေးတွေ ဘယ်လိုသုံးရမလဲပေါ့ ? အဲဒါဆရာသမားအပေါင်းကို အကြံပြု နည်းလမ်းတောင်းခံခြင်းဖြစ်ပါတယ်

ပိုးမွှားရောဂါ ကွမ်း
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,614 လွန်ခဲ့သော ၅ လ က

ပျလေးတွေကျ‌ေနတာပါ။ ဆေးဖျန်းခေါင်းအလုံးနဲ့ ရေဖျန်းပေးပါ။ဂွမ်းစလေးနဲ့/စုပ်တံနဲ့ ပျလေးတွေကို ရေဆေးချပါ။(ပိုးသတ်ဆေးမဖျန်းချင်ရင်) အဲသည်လို တပတ်တကြိမ် ပြုလုပ်ပါ။

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၅ လ က

ကွမ်းပျပိုးကျနေတာပါ။ ခြံသန့်ရှင်းအောင်ဆောင်ရွက်ပါ။ အမဲဖက်လေးတွေက စုပ်စားပိုးကြောင့် ကြပ်ခိုးမှိုစွဲသွားတာပါ၊ဘာမှလုပ်လို့မရပါ။ စုပ်စားပိုးနိုင်ရန် တမာပိုးသတ်ဆေးသို့မဟုတ် Abamectin ပါသောပိုးသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။