တိုင်ထောင်ပဲ ဓာတ်ပုံပါအတိုင်းဖြစ်နေပါသည် ဘာဆေးသုံးရမလဲရှင့် မှိုသတ်ဆေးလား ပိုးသတ်ေဆးလား
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၂၅ ရက်
ယခုတွေ့ရှိရသည့် လက္ခဏာများသည် ဗိုင်းရပ်စ်ရောဂါ (Virus) နှင့် မှိုရောဂါ (Fungal) နှစ်မျိုးစလုံး ပူးတွဲကျရောက်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကာကွယ်နှိမ်နင်းရန်အတွက် အောက်ပါအတိုင်း အကြံပြုလိုပါသည်။ ပုံ၂နှင့်၃မှာပျပိုးကျနေပါတယ်။ အရွက်များတွန့်လိပ်ခြင်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ၎င်းကို သယ်ဆောင်လာသည့် ပျပိုး (Aphids) များကို အဓိကနှိမ်နင်းရပါမည်။ Imidacloprid သို့မဟုတ် Thiamethoxam ကို အသုံးပြုနိုင်ပါသည်။အပင်နုချိန်ဖြစ်သည့်အတွက် အရွက်လောင်ခြင်းကို ကာကွယ်ရန် WPသို့မဟုတ် SCကဲ့သို့ "ဆေးအေး" ပုံစံများကို ရွေးချယ်အသုံးပြုသင့်ပါသည်။ ၂။ မှိုရောဂါ ကာကွယ်ရေး (ပုံ ၁ အတွက်) အရွက်ပေါ်ရှိ အညိုစက်များမှာ ပဲ သံချေး (Rust) ရောဂါ သို့မဟုတ် ဘက်တီးရီးယား အကွက်များ ဖြစ်နိုင်ပါသည်။ Mancozebသို့မဟုတ် Hexaconazole သို့မဟုတ် Azoxystrobinကို အသုံးပြုနိုင်ပါသည်။ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးကို ရောစပ်မည်ဆိုပါက ဆေးညွှန်းပါအတိုင်း ဂရုတစိုက်စပ်ရန် လိုအပ်ပါသည်။ ရောဂါရပင်များကို ဖယ်ရှားခြင်း: ဗိုင်းရပ်စ်လက္ခဏာ အလွန်ပြင်းထန်နေသော အပင်များကို နှုတ်ယူ၍ ခြံအပြင်၌ ဖျက်ဆီးပစ်ခြင်းက အခြားအပင်များသို့ မကူးစက်စေရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ အာဟာရဖြည့်တင်းခြင်း:အပင်ခံနိုင်ရည်ရှိစေရန်Amino Acid သို့မဟုတ် Seaweed extract ပါသော အားဆေးများကို အသုံးပြုပေးနိုင်ပါသည်။ ဆေးဖျန်းချိန်:နေပူရှိန်ပြင်းချိန်တွင် ဆေးဖျန်းခြင်းကို ရှောင်ကြဉ်ပြီး နံနက်စောစော သို့မဟုတ် ညနေပိုင်းတွင်သာ ဖျန်းပေးပါ။မှိုသတ်ဆေးဖျန်းပြီးနောက်ရောဂါကျအစက်အပြောက်များ ပြန့်ပွားလာခြင်းရှိမရှိအမြဲစစ်ဆေးပါ။ပြန့်ပွားလာရင် ပုံထပ်တင်မေးပေးပါဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တိုင်ထောင်ပဲ ပုံပါအတိုင်းဖြစ်နေပါတယ် ဘာရောဂါဖြစ်ပါသလဲ မှိုသတ်ဆေး ပိုးသတ်ဆေး ဘာသုံးရမလဲ အကြံပြုစေချင်ပါတယ်
ဖြေကြားချက် 1 ခု
အသင့်သုံး EMကိုနေပြည်တော်အနီးအနားဆိုင်များရှိလျင်လမ်းညွှန်ပေးပါအုန်းဆရာသမားများတို့...
ဖြေကြားချက် 1 ခု
ဆရာကြီးများ ယင်ဖြူဆိုးနေလို့ပါ ယင်ဖြူအတွက်အကောင်းဆုံး Ai လေးများညွှန်းပါအုံးခဗျ
ဖြေကြားချက် 3 ခု
အပင်အရွက် လေး တေ ဝါနေလို့ပါ ဘာလုပ်ရမလဲ ပြောပြပါအုံး
ဖြေကြားချက် 2 ခု
ပဲတိုင်ထောင်စိုက်ချင်လို့ပါဗျာ ၀ယ်စိုက်ရမှာမို့ ဘယ်တံဆိပ်ကို၀ယ်စိုက်သင့်ပါလဲဆရာတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။