အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေါ်စိမ်းအိခိုင်
လွန်ခဲ့သော ၄ လ က · ပေါင်းတည်

တိုင်ထောင်ပဲ အမြစ်ရင်းမှာ မြေတောင်ပေးရင်းတွေ့တာပါ ဖြူဖြူလးတွေက မှိုတွေလားရှင့်

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image

ဖြေကြားချက် ၃ ခု

ဒေါ်စိမ်းအိခိုင်
ဒေါ်စိမ်းအိခိုင် 1,154 လွန်ခဲ့သော ၄ လ က

ကျေးဇူးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,614 လွန်ခဲ့သော ၄ လ က

ဟုတ်ပါတယ်၊မှိုမျှင်စုလေးတွေပါ။အမြစ်ကိုတိုက်ခိုက်ပြီး ၊တပတ်ပြည့ရင် အပင်သေတတ်ပါတယ်။

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၄ လ က

ပုံပါ မေးခွန်းအရ တိုင်ထောင်ပဲ အမြစ်နားမှာ တွေ့ရတဲ့ အဖြူရောင် အဖတ်လေးတွေဟာ မှိုမျှင်စု (Mycelium)တွေ ဖြစ်ပါတယ်။ ဒါဟာ ပဲပင်တွေမှာ အဖြစ်များတဲ့ ပင်ခြေပုပ်ရောဂါ (Sclerotium rolfsii)ဖြစ်ပါတယ်။ရောဂါဖြစ်ရသည့် အကြောင်းရင်းကမြေကြီးထဲမှာ စိုထိုင်းဆများလွန်းတာ ဒါမှမဟုတ် အရင်နှစ်က ရောဂါကျန်ရှိနေတဲ့ အကြွင်းအကျန်တွေကြောင့် ဒီမှိုတွေ ပွားလာတာ ဖြစ်ပါတယ်။ ဒီအတိုင်း ထားလိုက်ရင် အပင်ရဲ့ ပင်စည်ခြေကို ပတ်ပြီး ပုပ်သွားစေကာ အပင်တစ်ပင်လုံး နွမ်းခြောက်သေဆုံးသွားနိုင်ပါတယ်။ဒီမှိုတွေကို တွေ့ပြီဆိုတာနဲ့ အမြန်ဆုံး ရောဂါလက္ခဏာ ပြင်းထန်တဲ့ အပင်ရှိရင် အမြစ်ကပါ မြေကြီးနဲ့တကွ တူးထုတ်ပြီး စိုက်ခင်းအပြင်မှာ မီးရှို့ဖျက်ဆီးပါ။အပင်ခြေမှာ ရေမဝပ်အောင် ဂရုစိုက်ပါ။ မြေကြီးကို လေဝင်လေထွက် ကောင်းအောင် ထွန်ခြစ်လေးနဲ့ အနည်းငယ် ဆွပေးပါ။ စီးပွားဖြစ်စိုက်ပျိုးသူမဟုတ်ပါက ဓာတုဆေးမဖျန်းပဲ စိုက်ခင်းစီမံခန့်ခွဲခြင်းနည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည်။ Trichoderma(ထရိုင်ကိုဒါးမား) ကဲ့သို့သော အကျိုးပြုမှိုကို နွားချေးဆွေးနဲ့ ရောပြီး အပင်ခြေမှာ ကျွေးပေးခြင်းဖြင့် ရောဂါဖြစ်စေတဲ့မှိုကို နှိမ်နင်းနိုင်ပါတယ်။ရောဂါပျံ့နှံ့မှု များနေပါက အောက်ပါ ဆေးတစ်မျိုးမျိုးကို အပင်ခြေကိုစိုရွှဲအောင် ဖျန်းပေးပါ။ Azoxystrobin သို့မဟုတ် Hymexazol စီးပွားဖြစ်စိုက်ပျိုးသူဆိုပါက Azoxystrobin ကိုအပင်အပေါ်ပိုင်းဖျန်းပြီး အပင်ခြေကို Hymexazol ဖျန်းပေးခြင်းကပိုထိရောက်ပါသည်။ အပင်ခြေကို မြေတောင်ဆွပေးတဲ့အခါမှာ မြေကြီးကို အရမ်းတင်းကျပ်အောင် မလုပ်မိဖို့နဲ့ ဒဏ်ရာမရအောင် သတိထားပါ။ ဒဏ်ရာရတဲ့နေရာကနေ မှိုတွေ ပိုမိုဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။ အခုတွေ့ရတဲ့ အဖြူရောင် မှိုမျှင်တွေဟာ မုန်ညင်းစေ့လို အညိုရောင် အလုံးလေးတွေ (Sclerotia) အဖြစ် မပြောင်းလဲခင် အမြန်ဆုံး ကုသပေးဖို့ လိုအပ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။