အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Zaw Myo Win
Zaw Myo Win 1,560
လွန်ခဲ့သော ၄ လ က · ငပုတော

ပြောင်းခေါင်ညွန့်က နေ့တိုင်းပုပ်တယ်ဆရာ ဒီနေ့ပုပ်တဲ့အပင်တွေနှုတ်ပြီး နောက်နေ့ပြန်ကြည့်တော့ ထပ်ပုပ်တဲ့အပင်တွေ တွေ့ပြန်ရော ပုပ်တဲ့နေရာကို သေသေချာချာ ရှာကြည့်တာလည်း ဘာပိုးမှမတွေ့ရဘူး အကြံဉာဏ်ပေးပါအုံးဆရာ ဘာဆေးတွေဖျန်းရမလဲ လန်ပဒါဆိုင်ဟေလိုသရင်နဲ့ ပရိုဖီနိုဖော့ တကြိမ်စီဖျန်းထားလည်းမရလို့ အနာနဲ့ဆေး မတည့်သေးတာလား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ ပြောင်း
Post image
Post image
Post image
Post image
Post image
+၇

ဖြေကြားချက် ၆ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ဒဏ်ရာမှတဆင့် ဘက်တီးရီးယားပျော့ပုပ်ရောဂါဝင်ပုံရတယ်။

Zaw Myo Win
Zaw Myo Win 1,560 လွန်ခဲ့သော ၄ လ က

ပင်စည်ပါ ပုပ်လာတဲ့လက္ခဏာတွေ့ရတယ်ဆရာ ဖျန်းရမဲ့ဆေးက ‌အပေါ်ကဆရာ ပြောထားထားသလိုလားဆရာ

Zaw Myo Win
Zaw Myo Win 1,560 လွန်ခဲ့သော ၄ လ က

ဆေးဖျန်းတုန်းကတော့ ဖျန်းမိပါတယ်

Zaw Myo Win
Zaw Myo Win 1,560 လွန်ခဲ့သော ၄ လ က

အပုပျနံ့ရပါတယျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၄ လ က

ကတော့ထဲကို ဆေးပူတွေထည့်မိသလား။ဆေးပူနဲ့တွေပြီးအပူလောင်နာဖြစ်နိုင်ပါတယ်

သော်ဇင်
သော်ဇင် 353,107 လွန်ခဲ့သော ၄ လ က

ဖျက်ပိုးမတွေ့ပဲ ခေါင်ညွန့်ပုပ်နေတာဆိုရင်တော့ဘက်တီးရီးယားပြောင်းဖူးပင်စည်ပုပ်ရောဂါ (Bacterial Stalk Rot)ဖြစ်နိုင်ခြေ အလွန်များပါတယ်။မေးခွန်းရှင် ဖော်ပြထားသလို ပင်စည်ထိပ်ပိုင်း သို့မဟုတ် ကြားပိုင်းမှ စတင်ပုပ်ခြင်းနှင့် အပင်များ တစ်ပင်ပြီးတစ်ပင် ဆက်တိုက်ပုပ်လာခြင်းတို့မှာ ဘက်တီးရီးယားကြောင့် ဖြစ်သော လက္ခဏာများဖြစ်နိုင်ပါသည်။ မိုးရွာသွန်းပြီး စိုထိုင်းဆများခြင်း၊ အပူချိန်မြင့်ခြင်းတို့က ရောဂါကို ပိုမိုဆိုးရွားစေသည်။ ရေမှတစ်ဆင့် သော်လည်းကောင်း၊ အပင်တွင်ရှိသော ဒဏ်ရာများမှတစ်ဆင့် သော်လည်းကောင်း ကူးစက်တတ်သည်။ပုပ်နေသော အပင်များကို တွေ့သည်နှင့် ချက်ချင်းနုတ်ယူပြီး စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပါ သို့မဟုတ် မြေမြှုပ်ပါ။ (နုတ်ထားသော အပင်များကို စိုက်ခင်းဘေးတွင် မထားပါနှင့်)။စိုက်ခင်းအတွင်း ရေဝပ်ခြင်း မရှိစေရန် ရေနုတ်မြောင်းများ ကောင်းမွန်အောင် ပြုပြင်ပါ။ ရောဂါဖြစ်နေချိန်တွင် ရေအလွန်အကျွံ သွင်းခြင်းကို ခေတ္တရပ်နားပါ။ ပေါင်းလိုက်ခြင်း သို့မဟုတ် ဆေးဖျန်းခြင်း ပြုလုပ်ရာတွင် အပင်ကို ဒဏ်ရာမရအောင် ဂရုစိုက်ပါ။ဘက်တီးရီးယားသတ်ဆေး များဖြစ်သည့် Kasugamycin Copper Oxychloride Copper Hydroxide Bismerthiazole Oxolinic acid ဆေးတစ်မျိုးမျိုးကို ၇ရက်ခြား၍ဖျန်း ပက်အသုံးပြုပါ။ ဆေးတစ်ခါဖျန်းပြီးတိုင်း ရောဂါမကျသေးသောအပင်များဆက်လက်ကူးစက်ပျံ့နှံ့ခြင်းမရှိပါက ရောဂါရပ်တန့်ပြီလို့ယူဆနိုင်ပါတယ်ခင်ဗျာ။ ဆေးဖျန်းရာတွင် ရောဂါဖြစ်နေသော အပင်ရှိရာ ပတ်ဝန်းကျင်မှ ရောဂါမရှိသော အပင်များကိုပါ ကာကွယ်သောအနေဖြင့် နှံ့စပ်အောင် ဖျန်းပေးပါ။ အပင်များ ရောဂါကျနေချိန်တွင် ယူရီးယားမြေဩဇာ အလွန်အကျွံ ကျွေးခြင်းကို ရှောင်ကြဉ်ပါ။ ၎င်းက အပင်တစ်ရှူးများကို ပျော့စေပြီး ရောဂါပိုမို ကူးစက်လွယ်စေသည်။အပင်ကိုယ်ခံအား ကောင်းစေရန် ပိုတက်ရှ် ပါဝင်သော မြေဩဇာကို ဖြည့်စွက်ကျွေးပေးနိုင်ပါသည်။ ရောဂါအတည်ပြုဖို့အတွက်မေးချင်တာကတော့ ပုပ်နေသည့်အစိတ်အပိုင်းများအပုပ်နံ့ရမရစစ်ဆေးပေးပါဦးဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။