အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
thantoezaw
thantoezaw 40
လွန်ခဲ့သော ၅ လ က · ရွှေဘို

အသီးပွင့်လှိုင်နေတုန်းပါ ရေပေး မြေဆီကျွေးထားတယ် အသီးတင်နည်းနေပါတယ် ပွင့်ထွေးပိုးကျ‌ထားလို့ပိုးသတ်ဆေးလိုက်ထားပါတယ် အပွင့်လေးတေပြန်လိုက်လာပီ ဘယ်လိုဆက်လုပ်သင့်လည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အပွင့်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
ခေတ်သစ်စိုက်ပျိုးရေး နှမ်း

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 406,015 လွန်ခဲ့သော ၅ လ က

ပွင့်ထွေးပိုးကျရောက်မှုကြောင့် ပိုးသတ်ဆေးဖျန်းထားပြီး အပွင့်သစ်တွေ ပြန်လိုက်လာပြီဆိုတော့ အခြေအနေကောင်းပါတယ်။အပွင့်သစ်တွေ ပြန်လိုက်လာတာကို အားပေးဖို့အတွက် ပိုတက်စီယမ် (Potassium) မြင့်မားတဲ့ အရွက်ဖျန်းအားဆေး ကို ဖျန်းပေးသင့်ပါတယ်။ ဒါ့အပြင် ပန်းမကြွေဘဲ အသီးတင်ကောင်းအောင် ဘိုရွန် (Boron) နဲ့ ကယ်လ်စီယမ် ပါတဲ့ အားဆေးတွေကိုအမိုင်နိုအက်ဆစ် (Amino Acids) ပါသောအားဆေးလည်း တွဲဖက်သုံးပေးပါဦး။ နှမ်းခင်းမှာ ပိုး၊ရောဂါ ကျရောက်မှုရှိမရှိအမြဲစောင့်ကြည့်စစ်ဆေးပါ။

Kotori Min
Kotori Min 3,712 လွန်ခဲ့သော ၅ လ က

ဆေးပြင်းတွေက ပန်းပွင့်တဲ့အချိန်မှာ မလိုက်သင့်ပါဘူး။ ပန်းပွင့်တွေကို ထိတယ်။ အပင်အားရှိအောင် ငါးအမိုင်နိုလေးသာ လိုက်ထားလိုက်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။