ဖြေကြားချက် ၃ ခု
တောင်သူသစ်တစ်ဦးအနေနဲ့ အခုလို စနစ်တကျ ပြင်ဆင်တာ အရမ်းကောင်းပါတယ်ဗျာ။ Transform Soil သုံးပြီး မြေပြင်တာဟာ အပင်မြစ်ပွားအားကောင်းစေလို့ အစပြုတာ မှန်ကန်ပါတယ်။ နှမ်းစေ့က သေးတော့ မြေစိုင်မြေခဲတွေ ညက်နေအောင် ပြင်ပေးဖို့ပဲ လိုပါတယ်။ ထရိုင်ကိုဒါးမားနဲ့ လူးနယ်တာဟာ နှမ်းမှာ အဖြစ်များတဲ့ ခါးရိရောဂါနဲ့ အမြစ်ပုပ်ရောဂါကို ကောင်းကောင်းကာကွယ်နိုင်ပါတယ်။ လူးနယ်ပြီးရင် အရိပ်ထဲမှာ (၁၅) မိနစ်လောက် လေအေးသုတ်ပြီးမှ စိုက်ပါခင်ဗျ။ နှမ်းစေ့ချတဲ့အခါ အစေ့ကျနှုန်းညီအောင် သဲခြောက် (သို့) ဖွဲပြာနဲ့ ရောချပါ။ မြေစာကို ခပ်ပါးပါးပဲ ပြန်ဖုံးဖို့ သတိပြုပါဦး (မြေထူရင် အပင်မထွက်နိုင်လို့ပါ)။ မေလ ၂၅ ဝန်းကျင် မုတ်သုံဝင်ပြီး မိုးများမယ်ဆိုရင်တော့ မေလ ၂၀-၂၂ မှာ စိုက်တာက နည်းနည်း စွန့်စားရာကျပါတယ်။ မိုးဦးကျပြီး မြေအပူရှိန်သေ၊ အစိုဓာတ် အခြေအနေမှန်မှ စိုက်တာက ပိုစိတ်ချရပါတယ်ဗျာ။
ဆက်စပ်မေးခွန်းများ
မြန်မာနိုင်ငံအလယ်ပိုင်းကို မေလ ၂၅ရက်နေ့လောက်မှာ မုတ်သုန်လေဝင်မယ်လို့ သိရပါတယ်။ မုတ်သုန်လေမဝင်ခင် ၂၀ ၂၁ရက်လောက်...
ဖြေကြားချက် 2 ခု
မိုးနှမ်းစိုက်ပျိုးရင် အပင်စိမ့်မကိုင်အောင်ဘယ်လိုလုပ်ရလည်းဗျ
ဖြေကြားချက် 2 ခု
နှမ်းပင်မှာအဲလိုလက္ခဏာတွေဖြစ်တာက ဘယ်လုိအကြောင်းတွေကြောင့်ဖြစ်ရတာပါလဲ မှိုရောဂါကြောင့်ပါလား ဘက်တီးရီးယားကြောင့်...
ဖြေကြားချက် 3 ခု
မကွေးတိုင်ဒေသကြီး ရေနံချောင်မြို့နယ်ကပါ နှမ်းစိုက်ချင်ပါတယ် ဒါပေမဲ့ နှမ်းသိမ်းခါနီရင် နှမ်းဖိုးရောဂါဝင်လို့...
ဖြေကြားချက် 1 ခု
နှမ်း အဖိုပြဿနာဘယ်လိုဖြေရှင်းရပါ့မလဲ
ဖြေကြားချက် 2 ခု