အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးသက်ဦး
လွန်ခဲ့သော ၄ လ က · ပင်းတယ

ပုံပါအတိုင်း ခရမ်းသီးအညွန့်ကိုင်းထဲမှာ ပိုးဝင်စားနေတယ်ဗျာ။ဘာဆေးသုံးရမလဲ အကြံပေးကြပါဗျ။

ပိုးမွှားရောဂါ ခရမ်းသီး ခရမ်းသီးခေါင်ညွန့်ပိုး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းခေါင်ညွှန့်ထိုးပိုးကျနေတာပါ။ ပုံတွင်မြင်ရသည့်အတိုင်း ညှိုးကျနေသော အကိုင်း/ခေါင်ညွန့်များကို အထဲက ပိုးလောက်ကောင်ပါအောင် အောက်ဘက် ၂ လက်မခန့်အထိ ခပ်နက်နက် ချိုးယူဖယ်ရှားပါ။ချိုးထားသော အညွန့်များနှင့် ပိုးကျနေသော အသီးများကို စိုက်ခင်းထဲတွင် ဒီတိုင်းမပစ်ထားဘဲ မီးရှို့ဖျက်ဆီးပစ်ပါ သို့မဟုတ် မြေနက်နက်မြှုပ်ပါ။ ထိုသို့မလုပ်ပါက ပိုးကောင်များသည် ပိုးတုံးလုံးဘဝပြောင်းပြီး အကောင်ကြီးများအဖြစ် အပင်ပေါ် ပြန်တက်လာပါလိမ့်မည်။ ပိုးကောင်သည် ပင်စည်နှင့် အသီးထဲသို့ ထိုးဖောက်ဝင်ရောက် ခိုအောင်းနေတတ်သဖြင့် ဆေးတစ်မျိုးတည်းကို အဆက်မပြတ်ဖျန်းပါက ဆေးယဉ်ပါးသွားနိုင်ပါတယ်။ ထို့ကြောင့် အောက်ပါ ပိုးသတ်ဆေးအုပ်စုများထဲမှ ၂ မျိုး သို့မဟုတ် ၃ မျိုးကို ရွေးချယ်၍ ၇ရက်မှ ၁၀ ရက်ခြားတစ်ခါ အလှည့်ကျ ပက်ဖျန်းပေးရပါမယ်။ ပရိုဖီနိုဖော့ (Profenofos) သို့မဟုတ် ကာဗိုဆာဖန် (Carbosulfan)အီမာမတင် ဘန်ဇိုအိတ် (Emamectin Benzoate) ၊စပီနိုဆတ် (Spinosad) သို့မဟုတ် ဖလူဘင်ဒိုင်ယာမိုက် (Flubendiamide) (မှတ်ချက်။ ။ ဆေးဖျန်းရာတွင် အညွှန်းပါအတိုင်း စနစ်တကျသုံးစွဲပြီး ဆေးဖျန်းပြီးပါက ခရမ်းသီးခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက် (PHI) ကို တိတိကျကျ လိုက်နာပါ။) ခရမ်းတစ်မျိုးတည်းကို ဆက်တိုက်မစိုက်ဘဲ အခြားမျိုးရင်းမတူသော သီးနှံများနှင့် အလှည့်ကျစိုက်ပျိုးပါ။ လိပ်ပြာဖိုများကို ဖမ်းယူရန် ခရမ်းပိုးပြေး ဖယ်ရိုမုန်းထောင်ချောက်များကို စိုက်ခင်းတွင် တပ်ဆင်ပါ။ပိုးမကျခင် သို့မဟုတ် အစောပိုင်းကာလများတွင် သဘာဝပိုးသတ်ဆေးတမာပိုးသတ်ဆေးကို ပုံမှန်ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။