ဖြေကြားချက် ၂ ခု
ဘိုကာရှီမြေဆွေးဘယ်လောက်သုံးထားလိူ့လဲမြေထဲမှာထည့်ထားပြီးစပါးဘယ်နှစ်သီးစိုက်ပြီးပြီလဲမြေဆွေးတွေကဆွေးမြေ့ပြီးအပင်များကအာဟာရအဖြ်စ်အသုံးပြုတယ်မြေထဲမှာ ၄% ခန့်ရှိနေရင်အကောင်းဆုံးဘဲဘို ကာရှီပြုလုပ်ပြီးထည့်နေရင်အချိန်ကုန်ငွေကုန်တယ်စပါးရိတ်ပြီးရေအစိုဓာတ်ရှိချိန်တွင်နွာူချေးမှုံ့နဲနဲပက်ပြီး EM အသင့်သုံးဖြန်းပြီးထယ်မှောက်ပြီးနွေစပါးသို့မဟုတ်ပဲမျိုးစုံစိုက်ရင်ဓာ်မြေသြဇာလဲသက်သာပြီးပဲလဲပိုထွက်မယ်
ဘိုကာရှီ (Bokashi) ကို အလွန်အကျွံ သုံးစွဲသော်လည်း အခြားသဘာဝမြေဩဇာများနှင့် ဖြည့်စွက်အာဟာရများ လုံးဝမလိုတော့ဟု ပြော၍မရပါဘူးခင်ဗျာ။အခြားဓာတ်မြေဩဇာများနှင့်သဘာဝမြေဩဇာများထပ်မံသုံးစွဲရန် လိုအပ်ပါသေးတယ်ခင်ဗျာ။ ဘိုကာရှီသည် မြေဆီလွှာနှင့် အပင်ပွားရန် ကောင်းမွန်သော်လည်း စပါးနှံအောင်ရန် လိုအပ်သော ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) ဓာတ်များ လုံလောက်စွာ မပါဝင်ပါဘူး။စပါးပင် မှို့ကပ်ချိန်နှင့် စပါးဖုံးလုံးချိန်တွင် အခြားဖြည့်စွက် သဘာဝမြေဩဇာများ (ဥပမာ - ပြာ၊ လင်းနို့ချေး) ကို ထည့်သွင်းပေးရပါမယ်။ဘိုကာရှီကို မြေခံမြေဩဇာအဖြစ် သုံးပါ။စပါးသက်တမ်းအလိုက် အခြားသဘာဝမြေဩဇာများ သို့မဟုတ် ဓာတ်မြေဩဇာများနှင့် တွဲဖက်ကျွေးခြင်းဖြင့်သာ အထွက်နှုန်း အကောင်းဆုံး ရရှိနိုင်ပါမယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စူပါဘိုကာရှီလုပ်၊
ဖြေကြားချက် 2 ခု
စိုက်ပျိုးမြေကို စိုက်ပျိုးရန်အတွက် မြေပြင်ရာတွင် ဒေသထွက်ပစ္စည်းများနဲ့ ပြင်လို့ရနိုင်မဲ့နည်းလမ်းပြောပြပေးစေ...
ဖြေကြားချက် 1 ခု
ဆရာကြီးများခဗျာ စပါးရိတ်ပြီသားရိုးဖျက်နဲ့ကောက်ရိုးတေကိုမက်ပဲမထိုးခင်မြေဆွေးဖြစ်ပြီ၏ကြသွားအောင်ဘယ်လိုလုပ်သင့်လဲ...
ဖြေကြားချက် 4 ခု
ဆရာခမျာ ထန်းလျက်ရေ တစ်လီတာဆိုတာ ထန်းညှက်ဘယ်လောက်gramကို တစ်လီတာခေါ်တာလဲဗျ ဘိုကာရှီလုပ်တဲ့အခါ တင်လဲရည်မရှိတဲ့အ...
ဖြေကြားချက် 2 ခု
အီးအမ်ဘိုကာရှီကဝယ်ရတာလားကိုယ်တိုင်ပြုလုပ်ရတာလားပြုလုပ်ရင်ရောဘယ်လိုလုပ်ရတာပါလဲ
ဖြေကြားချက် 2 ခု