ဖြေကြားချက် ၂ ခု
ကွမ်းစိုက်ပြီး (၃) ရက်ပဲ ရှိသေးတယ်ဆိုရင်တော့ မန်ကိုဇက် (Mancozeb) မှိုသတ်ဆေးကို စတင်မဖျန်းရသေးပါဘူး ခင်ဗျာ။ အပင်တွေက အမြစ်မစွဲသေးလို့ အခုအချိန်ဖျန်းရင် ဆေးလောင်ပြီး အပင်နာသွားပါလိမ့်မယ်။ကွမ်းစိုက်ပြီး (၁၅) ရက်ခန့်အကြာ၊ အပင်တွေ အမြစ်စွဲပြီး အရွက်သစ်လေးတွေ စထွက်လာတဲ့ အချိန်ကျမှသာ ဆေးစတင်ဖျန်းပေးရပါမယ်။ပုံမှန်ကာကွယ်တဲ့အနေနဲ့ - ရာသီဥတု သာယာရင် (၁၀) ရက်ကနေ (၁၄) ရက်ခြား တစ်ကြိမ် ဖျန်းပေးပါ။မိုးရွာတဲ့ ရာသီဥတုမျိုးမှာ - မှိုရောဂါ ပိုကျတတ်လို့ (၇) ရက်ကနေ (၁၀) ရက်ခြား တစ်ကြိမ်အထိ စိပ်စိပ်လေး ဖျန်းပေးဖို့ လိုပါတယ်။မန်ကိုဇက်က ထိသေဆေးဖြစ်လို့ အရွက်မျက်နှာပြင်တင်မကဘဲ အပင်ခြေတွေအထိ ပါးပါးနဲ့ နှံ့စပ်အောင် ဖျန်းပေးရပါမယ်။မန်ကိုဇက်ဖျန်းထားပြီးရင် ကွမ်းရွက်ကို အနည်းဆုံး (၁၅) ရက်ကနေ (၂၁) ရက်အထိ လုံးဝ (လုံးဝ)ကွမ်း မခူးရပါဘူး ခင်ဗျာ။ လူတွေ တိုက်ရိုက်စားသုံးတဲ့အရာ ဖြစ်လို့ ဆေးအာနိသင် ကုန်တဲ့အထိ စောင့်ရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းစစိုက်ရင်ဘာတွေလိုအပ်လည်းဗျာ မြေခံ သံကွန်းနဲ့ ရွေမြေသီးနဲဘောင်တွင်းထဲထည့်ထားတယ်ဗျ
ဖြေကြားချက် 3 ခု
ကွမ်းစိုက်ထားပါတယ် ယခုအချိန်ကွမ်းစိုက်ထားလျှင်အနာရောဂါမကျရောက်အောင်ဘယ်လိုကြိုတင်ကာကွယ်သင့်ပါသလဲ
ဖြေကြားချက် 4 ခု
မဂ်လာပါရှင် အခုမှ ကွမ်း စ,စိုက်ချင်လို့ ဘယ်လို စိုက်ရမလဲ ပြောပြပေးပါ
ဖြေကြားချက် 2 ခု
ကွမ်းကိုအမိုးနဲ့စိုက်တာကခုချိန်မှာမိုးများတဲ့အတွက်ဘောင်တွေပျိုကျပါတယ် အမိုးဖွင့်သင့်ပါသလားဘယ်လိုပြုလုက်သင့်ပါသ...
ဖြေကြားချက် 2 ခု
ကျွန်တော့ကွမ်းမှာအပင်မည်းတာတွေ့လို့ ထရိုင်ကိုဒါးမား ဖြန်းလို့ရလား ခဗျား
ဖြေကြားချက် 1 ခု