ဖြေကြားချက် ၄ ခု
နှမ်းစိုက်ပြီးပြီးချင်း (၁) ရက်မှ (၂) ရက်အတွင်း မြေအစိုဓာတ်ရှိခိုက်တွင် ပေါင်းပင်မပေါက်ခင်သုံးသည့် ပေါင်းအုပ်ဆေး (ဥပမာ - ပန်ဒီမီသလင် - Pendimethalin) ကို ဖျန်းပေးနိုင်ပါတယ်။သို့သော် နှမ်းစေ့များ အပင်ပေါက် (အညှောက်ထွက်) နေပြီဆိုပါက လုံးဝမဖျန်းရပါဘူး။ အပင်ပေါက်ကို ထိခိုက်သေစေနိုင်ပါတယ်။ အကယ်၍မစိုက်ခင် မြေပြင်ချိန်တွင် ပေါင်းပင်များ ကြိုတင်ပေါက်နေပါက အမြစ်ပြတ်ပေါင်းသတ်ဆေး (ဥပမာ - ဂလိုင်ဖိုဆိတ် - Glyphosate) ဖျန်းလို့ရပါတယ်။သို့သော် ဆေးဖျန်းပြီးနောက် အနည်းဆုံး (၇) ရက်မှ (၁၀) ရက်ခန့် ကြာမှသာ နှမ်းကို စိုက်ပျိုးရပါမယ်။ မြေပြင်ချိန်တွင် ပေါင်းပင်မရှိပါက ကြိုတင်ဖျန်းရန် မလိုပါ။ ပေါင်းပင်ပေါက်ပြီးမှဖျန်းပါကနှမ်းပင်သက်တမ်း (၂၀) ရက်နောက်ပိုင်း (သို့မဟုတ်) ပေါင်းပင်များ အရွက်နုထွက်ချိန်တွင် နှမ်းခင်းသုံး ရွေးချယ်ပေါင်းသတ်ဆေး (ဥပမာ - ကွီဇာလိုဖော့ပီအီသိုင်း- Quizalofop-p-ethyl) ကို သတ်မှတ်နှုန်းထားအတိုင်း ဖျန်းနိုင်ပါတယ်။ ပေါင်းသတ်ဆေးဖျန်းချိန်တွင် မြေဆီလွှာ၌ အစိုဓာတ် အလုံအလောက် ရှိနေရပါမယ်။ မြေခြောက်နေပါက ဆေးအာနိသင် မထိရောက်ပါ။ပေါင်းသတ်ဆေးဘူးခွံပါ လမ်းညွှန်ချက်နှင့် ဆေးနှုန်းထားကို တိကျစွာ လိုက်နာရန် အလွန်အရေးကြီးပါတယ်။ ဆေးနှုန်းထားများသွားပါက နှမ်းပင်များ နာသွားခြင်း၊ တန့်သွားခြင်း ဖြစ်တတ်ပါတယ်။နားလည်မယ်လို့ထက်ပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
နှမ်းရိုးမြေဆွေးနဲ့ကြက်ချေးရောထားတဲ့မြေဩဇာကိုနှမ်းပင်ဘယ်နှစ်ရက်သားလောက်မှာအသုံးပြုသင့်ပါသလဲ
ဖြေကြားချက် 1 ခု
နှမ်းခင်းကိုဘယ်နှစ်ရက်သားလောက်မှာပေါင်းရှင်းသားခွဲသင့်လဲသိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 1 ခု
ထရိုင်ကိုဒါးမားကိုမျိုးစေ့နဲ့ရောမွှေပြီးစိုက်သင့်သလား မစိုက်ခင်မြေကြီးထဲကိုထရိုဂိုဒါးမားအရင်ထည့်သင့်လား ဒါမှမ...
ဖြေကြားချက် 4 ခု
နှမ်းစိုက်ခင်းမြေခံမှာသုံးဖို့ဘယ်မြေသြဇာအမျိုးအစားကအကောင်းဆုံးဖြစ်မလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းပင်စပေါက်တဲ့နေ့ကနေ ရက်20သားမှာပေါင်းရှင်းရမှာကိုပြောတာလားနှမ်းစကြဲတဲ့နေကနေ ရက်20သားမှာပေါင်းရှင်းရမှာလား...
ဖြေကြားချက် 1 ခု