အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
moewai
moewai 50
လွန်ခဲ့သော ၅ လ က · ပင်းတယ

စပါးနှံထွက်ချိန်မှာ ဘယ်လို မြေသြဇာ အဟာရတွေကျွေးရမလဲ

စိုက်ပျိုး ရေ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 406,011 လွန်ခဲ့သော ၅ လ က

စပါးနှံထွက်ချိန်မှာ အောင်စေ့များဖို့အတွက် ပိုတက်စီယမ်အချိုးမြင့် ရွက်ဖျန်းအားဆေး သုံးပေးပါ (အစေ့တင်းစေတယ်)။ ဘိုရွန် (Boron) ပါတဲ့ အနည်းလိုအဟာရအားဆေးကို စပါးနှံမထွက်မီနဲ့ အနှံထွက်စမှာ ဖျန်းပေးပါ (အဖျင်းနည်းစေတယ်)။ယူရီးယား အလွန်အကျွံကျွေးခြင်းကို ရှောင်ပါ (အပင်လဲပြီး ရောဂါကျတတ်တယ်)။စပါးပန်းပွင့်ချိန် လယ်ကွင်းထဲ ရေမပြတ်အောင် အထူးဂရုစိုက်ပေးပါ ခင်ဗျာ။ လက်ရှိ စပါးခင်းမှာ စပါးအရွက်တွေ ဝါနေတာ သို့မဟုတ် ပိုးမွှားရောဂါ လက္ခဏာ တစ်ခုခု ကျခြင်းရှိမရှိအမြဲစစ်ဆေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးခင်းမှာ မြေခံအနေနဲ့ပိုတက်သုံးချင်တာ ဘယ်လိုသုံးရင်အဆင်ပြေမလည်းဖြေပေးကြပါဦးနော် ကောက်စိုက်ခင်းမဟုတ်ပါဘူး...

ဖြေကြားချက် 1 ခု

မင်္ဂလာပါ အစိမ်းရောင်လမ်းရေ... စိုက်ပျိုးရေး ဆောင်းပါးတွေ တန်ဖိုးမြင့်ထုတ်ကုန်တွေ အကြောင်း စာမူလက်ခံသေးလားဗျ.....

ဖြေကြားချက် 1 ခု

လာမယ့် မိုးစပါးအတွက် မှော်ဘီ 3 မျိုးကို စိုက်မလို့ပါ။ကျွန်တော်မေးချင်တာက မှော်ဘီ3 ရဲ့အားနည်းချက် အားသာချက်ကလေး...

ဖြေကြားချက် 1 ခု

ဆရာကြီးများ ပေါင်းအုတ်ဆေးခေါ်သဓေသားဖျက်ဆေးတွေကတကယ်ကောထိရောက်မှုရှိလား မြတ်ပင်ပေါက်လာမှမြတ်အမျိုးစားကြည့်ပက်တာ...

ဖြေကြားချက် 1 ခု

စပါးအခြောက်ကြဲတာနဲ့ ရေရမှကြဲတာနဲ့ဘယ်နည်း ကပိုအဆင်ပြေလည်းဗျ လယ်ကဆည်ရေသောက်မဟုတ်ပါဘူးဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။