ဖြေကြားချက် ၃ ခု
၁၀ ဧကအကျယ်အဝန်းတွင် မြန်မြန်သီးပြီး စျေးကွက်ဝင်မည့် သရက်စိုက်ပျိုးရန်အတွက် ၂ နှစ်မှ ၃ နှစ်အတွင်း သီးသည့် စိန်တလုံး၊ ရင်ကွဲ၊ မချစ်စု နှင့် ထိုင်းမျိုး (ဥပမာ- ချောကနတ်၊ နမ်ဒေါက်မိုင်) ကိုင်းဆက်ပင်များကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ မျိုးမှန်ကိုင်းဆက်ပင်များကို သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပျိုးဥယျာဉ်များ၊ ပျဉ်းမနားနှင့် လယ်ဝေးရှိ စိုက်ပျိုးရေးခြံကြီးများ နှင့် စိတ်ချရသော အွန်လိုင်းစိုက်ပျိုးရေး Page များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်။ စိုက်ပျိုးရာတွင် အပင်အကွာအဝေးကို ၂၄ ပေ ပတ်လည် ထားရှိပြီး၊ ၃ ပေပတ်လည်ကျင်းများတူးကာ သဘာဝမြေဆွေးစနစ်တကျ ထည့်သွင်းစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
စိမ်းချိုသရက်က ပထမဆုံးသီးတာ ခရမ်းနီဖြစ်တာပုံမှန်ပဲလားဗျ
ဖြေကြားချက် 1 ခု
စိန်တလုံးသရက်အသီးများများသီးရန်နှင့်ပိုးမကျရန်ပြုစုပုံတို့ကိုရှင်းပြပါ
ဖြေကြားချက် 2 ခု
အိတ်စွတ်ဖြစ်ပါလျှက်အခုပုံပါမြင်ရတဲ့အတိုင်းမဖြစ်အောင်ဘယ်လိုလုပ်ကိုင်သင့်တာတယ်သရက်ပင်သရက်ခြံကြားအစားထိုးဖာထေးငွေ...
ဖြေကြားချက် 3 ခု
စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်
ဖြေကြားချက် 2 ခု
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်...
ဖြေကြားချက် 2 ခု