ဖြေကြားချက် ၆ ခု
သခွားစိုက်ခင်းတွင် ရွက်မှန် ၂ ရွက်ထွက်ချိန်၌ အပင်ငယ်များ ရုတ်တရက် သေဆုံးရခြင်းသည် မိုးရွာပြီးနောက် နေအပြင်းအထန် ပူလာခြင်းကြောင့် ဖြစ်ပွားသောခါးရိရောဂါ (Damping-off) ကြောင့် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါသည်။ မိုးရွာသွန်းမှုကြောင့် မြေဆီလွှာတွင် ရေဝပ်ပြီး အမြစ်များ အောက်ဆီဂျင် ပြတ်လတ်နေချိန်၌ ရုတ်တရက် နေပြင်းလာသောအခါ စိုထိုင်းဆနှင့် အပူချိန်သည် တစ်ရှိန်ထိုး မြင့်တက်လာပြီး အပင်ငယ်များ၏ ဆဲလ်များကို လောင်ကျွမ်းပျက်စီးစေသည်။ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် နောက်တစ်ကြိမ်တွင် ဘောင်အမြင့်ကို အနည်းဆုံး ၈ လက်မမှ ၁ပေအထိ မြှင့်တင်ရန်နှင့် မစိုက်ပျိုးမီ မြေဆီလွှာကို ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှိုသတ်ဆေး သို့မဟုတ် Metalaxyl ကဲ့သို့သော ဓာတုမှိုသတ်ဆေးများဖြင့် ကြိုတင်ပြုပြင်ပေးရန် လိုအပ်ပါသည်။ ပထမဦးစွာ မိုးရေကြောင့် မြေကြီးထဲ ရေဝပ်ခြင်းနှင့် အမြစ်ပုပ်ခြင်းမှ ကာကွယ်ရန် စိုက်ဘောင်ကို အနည်းဆုံး ၁ ပေအထိ မြှင့်တင်ပြီး ဘောင်ကြားရေနုတ်မြောင်းများကို စနစ်တကျ တူးဖော်ထားရပါမည်။ မိုးရေတိုက်ရိုက်ရိုက်ခတ်မှုမှ ဒဏ်ရာရခြင်းနှင့် နေရောင်ခြည် တိုက်ရိုက်ကျရောက်၍ မြေကြီးအပူလွန်ကဲခြင်းကို ကာကွယ်ရန် ဘောင်ပေါ်တွင် ကောက်ရိုးခြောက်များဖြင့် ပါးပါးဖုံးအုပ်ပေးရပါမည်။ ထို့ပြင် အပင်ပေါက်ပြီး ရွက်မှန်ထွက်ချိန်တွင် အပင်ခြေပုပ်မှိုရောဂါ ကာကွယ်နိုင်ရန်အတွက်မက်တယ်လက်ဆီး (Metalaxyl) ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေထဲသို့ ဆေးရည် စိမ့်ဝင်အောင် ဖျန်းပေးခြင်းဖြင့် အပင်ငယ်များ သေဆုံးမှုကို သက်သာစေနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဒီသခွါးပင်မှာ ကျရောက်နေတဲ့ရောဂါနဲ့ပျပိုး တစ်ခြားပိုး အပင်မှာ ဘာရောဂါတွေဖြစ်နေလဲ ဘယ်လ်ု လုပ်ဆောင်ရမလဲ ဖြေပေးးပါ
ဖြေကြားချက် 8 ခု
မိုးတွင်းမှာဘာသခွားမျိုးစိုက်သင့်လဲ ၃၉၅သခွါးမျိုးရှာမရလို့မိုးတွင်းစျေးကောင်းဖြစ်ထွန်းမဲ့သီးနှံလေညွှန်းပါအုံ
ဖြေကြားချက် 1 ခု
သခွားပင်အသီးသီးတဲ့အချိန်အရွှက်ဝါလာတာဘာကြောင့်လဲဘယ်လိုပြုပြင်ရမလဲ
ဖြေကြားချက် 1 ခု
ခုလိုမိုးများနေချိန်မှာမြားနီရဲ့၃၈၀သခွားတို့၃၉၅သခွားတို့စိုက်ရင်ရာသီဥတုနဲ့ကိုက်ညီမှုရှိပါမလားခင်ဗျ ဆရာတို့အ...
ဖြေကြားချက် 1 ခု
သခွားနဲ့ ပဲတောင်ရှည်အတွက် သဘာပိုးသတ်ဆေးလေးညွှန်ပေးပါဆရာတို့ရှင့် စိုက်ပီး၁၇ ရက်သားလောက်ပါ
ဖြေကြားချက် 2 ခု