အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Paing Lay
Paing Lay 231
လွန်ခဲ့သော ၃ လ က · အင်္ဂပူ

စပါးကို ပေါင်းသတ်ဆေး ဖြန်းပြီး 9ရက်လောက်နေတော့ အခြောက်ကြဲထားတာပါ ပုံမှာမြင်ရတဲ့အတိုင်း ပေါင်းတွေက မသေလို့ ဆေးလည်းကွက်ကျန်သလားမသိပါခင်ဗျာ ကျနော်က ခရီးသွားနေရတာနဲ့ စပါးအပင်ပေါက်ကာမှ ရွေးချယ်ပေါင်းသတ်ဆေး သုံးလို့ အဆင်ပြေနိုင်လားခင်ဗျာ လုပ်ဆောင်ရမှာများကို ညွှန်ကြားပေးစေလိုပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,620 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

စပါးခင်းက ကြည့်ရတာအဆင်မပြေဘူးဖြစ်နေတယ်။ပေါင်းကြမ်းတေွကို ရွေးချယ်ပေါင်းသတ်ဆေး မနိုင်ပါ။စပါးအပင်ပေါက်စုံတယ်ဆိုရင်တော့၊စပါး၂၅ရက်သားမှာ၊ရေစပ်စပ်သွင်းပါ။ပြီးရင် ဆိုင်ဟေလိုဖော့+ဖီနောက်ဇာ ရောဖျန်းပါ။ ဆေးဖျန်းပြီး ၂ရက်ကြာရင် ရေ၄လက်မလောက်သွင်းပါ။

သော်ဇင်
သော်ဇင် 354,386 လွန်ခဲ့သော ၃ လ က

စပါးသက်တမ်း ၂၅ ရက်သားတွင် ဆိုင်ဟေလိုဖော့ (Cyhalofop-butyl) နှင့် ပီနောက်ဆူလန် (Penoxsulam) ပေါင်းသတ်ဆေးအရောကို သုံးစွဲခြင်းသည် ကြီးထွားလာသော မြက်နှင့် မုန်ညင်း/ရွက်ပြန့်ပေါင်းများကို တစ်ပြိုင်နက် နှိမ်နင်းရန် အလွန်ထိရောက်သော နည်းလမ်းဖြစ်ပါတယ်။ ဆေးဖျန်းရာတွင် မြေပြင်၌ ရေစပ်စပ် (သို့မဟုတ်) ဗွက်အဆင့် အစိုဓာတ်ရှိနေရန် လိုအပ်ပြီး ဆေးဖျန်းပြီး ၂ ရက်အကြာတွင် အနက် ၄ လက်မခန့် ရေပြန်သွင်းပေးခြင်းဖြင့် ဆေးအာနိသင်ကို အပြည့်အဝရရှိစေကာ ပေါင်းပင်များကို ပုပ်သေစေပါသည်။ သို့သော် မေးခွန်းရှင်၏ ကွင်းသည် ပုံ ပါအတိုင်း ရေသွင်းရခက်သော ယာခင်းဖြစ်ပါက ရေပြန်သွင်းရန် အခက်အခဲရှိနိုင်သဖြင့် မြေကြီးအစိုဓာတ် ကောင်းစွာရှိနေမည့်အချိန် သို့မဟုတ် မိုးရွာပြီးစအချိန်ကို ရွေးချယ်၍ တစ်ကွင်းလုံး နှံ့စပ်အောင် ပက်ဖြန်းပေးရပါမယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။