အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇော်မင်းနိုင်
လွန်ခဲ့သော ၃ လ က · မုံရွာ

မြေဆွေး နဲ့ ကြက်သွန်စိုက်လိုရလား

အပင်အာဟာရ ကြက်သွန်နီ

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၃ လ က

ရက် ၃၀ သား ကြက်သွန်ခင်းထဲသို့ မြေဆွေးကို အပေါ်မှ ကြဲပက်ကျွေးခြင်းသည် အပင်အတွက် ထိရောက်မှု မရှိသဖြင့် မလုပ်သင့်ပါဘူး။ အကြောင်းမှာ မြေဆွေးသည် အမြစ်နှင့် နီးကပ်စွာ ရှိနေမှသာ အာဟာရကို စုပ်ယူနိုင်ခြင်း ဖြစ်ပြီး အပေါ်မှ ဖြူးရုံဖြင့် အပင်က အသုံးမချနိုင်ပါဘူး။ ထို့အပြင် မဆွေးမြည့်သေးသော မြေဆွေး ဖြစ်ပါက မှိုရောဂါနှင့် ဖျက်ပိုးများ ပိုမိုကျရောက် စေနိုင်ပါသည်။ ရက် ၃၀ သားသည် အပင်ကြီးထွားနှုန်း မြန်ဆန်ရမည့် အချိန်ဖြစ်၍ ယူရီးယားနှင့် ပိုတက်စီယမ် ဓာတ်မြေဩဇာကို မြေအစိုဓာတ်ရှိချိန် စိုက်ကြောင်းများကြား ထည့်ကျွေးခြင်း သို့မဟုတ် အရွက်ဖျန်းအားဆေး ပေးခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်ခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

ဇော်မင်းနိုင်
ဇော်မင်းနိုင် 63 လွန်ခဲ့သော ၃ လ က

မြေဆွေးကို ကြက်သွန်စိုက်ပီး ရက်30သား ကြဲပက်ချင်တာ ရလားဆရာ

ဇော်မင်းနိုင်
ဇော်မင်းနိုင် 63 လွန်ခဲ့သော ၃ လ က

ဟုတ် ကျေးဇူးပါ

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၃ လ က

မြေဆွေးကိုပြောတာဖြစ်မယ်ထင်ပါတယ်။မြေဆွေးကို ကြက်သွန်နီစိုက်ကွက်ထဲတွင် ကောင်းစွာထည့်သွင်းစိုက်ပျိုးနိုင်ပါတယါ။ မြေဆွေးသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး ရေထိန်းအားနှင့် လေဝင်လေထွက်ကို တိုးတက်စေသည့်အပြင် အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ရေရှည်ဖြည့်ဆည်းပေးနိုင်ပါသည်။ သို့သော်လည်း အသုံးပြုမည့်မြေဆွေးသည် ကောင်းစွာဆွေးမြည့်နေရန် အထူးအရေးကြီးပြီး၊ မဆွေးမြည့်ပါက မှိုရောဂါနှင့် ဖျက်ဆီးတတ်သော ပိုးမွှားများ ကျရောက်တတ်ပါသည်။ ထို့ကြောင့် စိုက်ခင်းမြေပြင်ချိန်ကတည်းက မြေဆွေးကို မြေကြီးနှင့် သမအောင် ကြိုတင်ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ ကြက်သွန်ဥ လုံးပတ်ကြီးပြီး အထွက်နှုန်းတိုးစေရန်အတွက် လိုအပ်သော ဓာတ်မြေသြဇာများကိုလည်း အပင်သက်တမ်းအလိုက် မျှတစွာ တွဲဖက်သုံးစွဲပေးရပါမည်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါ...

ဖြေကြားချက် 4 ခု

Select Plus +ကလောက်ဒီ +ကောမက်အားကောင်း +အဆီဖိတ် အဲ့လေးမျိုး ကြက်သွန်နီ ရောဖျန်းလို့အဆင်ပြေလားဗျ

ဖြေကြားချက် 6 ခု

ပညာရှင်များ မင်္ဂလာပါခမျ ဘာမှ မစိုက်ရသေးတဲ့ ယာခင်း မြက်မုန်ညှင်း ဥအနက် တွေ တအားများနေလို့ တကယ်ထိထိ ရောက်ရောက်...

ဖြေကြားချက် 2 ခု

ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြား...

ဖြေကြားချက် 2 ခု

ကလောက်ဒီကို ကြက်သွန် ဘယ်အရွယ်လောက်မှာဖျန်းရင် အဆင်ပြေလဲဗျ ကောင်းတဲ့အားဆေးလေးတေရှိရင် လမ်းညွှန်ပါအုံး

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။