အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kyaw zin
kyaw zin 2,164
လွန်ခဲ့သော ၃ လ က · ပွင့်ဖြူ

နှမ်ပုံတုန်းကပိုးသတ်​ဆေးဖျန်းမထားဖြစ်လိုအထောင်ကြမှဖျန်းလို့လားခဗျ

ပိုးမွှားရောဂါ နှမ်း

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၃ လ က

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

kyaw zin
kyaw zin 2,164 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါခဗျာ

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၃ လ က

နှမ်းရိတ်သိမ်းပြီး ခြွေခါနီးအချိန်တွင် ဓာတုပိုးသတ်ဆေး ဖျန်းခြင်းကို လုံးဝမပြုလုပ်သင့်ပါဘူး။ ဤအချိန်တွင် ဆေးဖျန်းပါက နှမ်းစေ့အတွင်း ဆေးဓာတ်ကြွင်းများ တိုက်ရိုက်ကျန်ရှိသွားပြီး စားသုံးသူများအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သလို၊ ဈေးကွက်အတွင်း အရည်အသွေးမမီဘဲ အရောင်းအဝယ် ပျက်ပြယ်သွားနိုင်ပါသည်။ ပိုးမွှားများကို နှိမ်နင်းလိုပါက ဓာတုဆေးသုံးမည့်အစား နှမ်းပင်များကို နေပူပြင်းပြင်းအောက်တွင် ကွင်းပြင်၌ ဖြန့်ထုတ်ကာ အပူရှိန်ဖြင့် ပိုးနှင်ပြီး ချက်ချင်းအမြန်ဆုံး ရိုက်ခြွေသင့်ပါသည်။ ရိုက်ခြွေပြီးလျှင်လည်း အမှိုက်နှင့် ပိုးကောင်များ ကင်းစင်သွားစေရန် ချက်ချင်းပြာလဲသန့်စင်ပြီး အစိုဓာတ် ၆-၈ ရာခိုင်နှုန်းအထိ ခြောက်သွေ့အောင် နေလှန်းသိုလှောင်ခြင်းကသာ ဘေးအကင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။