ဖြေကြားချက် ၃ ခု
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လယ်မြေများတွင် တရုတ်ကန်စွန်းရွက် အစေ့ချစိုက်ပျိုးရန်အတွက် မျိုးစေ့ကို အနက် ၀.၅ လက်မခန့်တွင် မြှုပ်နှံ၍ ပင်ကြား ၄-၆ လက်မ၊ တန်းကြား ၆-၁၂ လက်မ အကွာအဝေးဖြင့် စိုက်ပျိုးရပါမည်။ ရန်ကုန်ဒေသလယ်မြေများသည် ရေထိန်းအားကောင်းသော ရွှံ့စေးနုန်းမြေဖြစ်၍ အစေ့ချချိန်တွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျ လုပ်ဆောင်ထားရပါမည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၂၅ မှ ၃၅ ရက်အတွင်း ပထမအကြိမ် စတင်ခူးနိုင်ပြီး၊ ရိတ်သိမ်းပြီးနောက် ၇ ရက်မှ ၁၀ ရက်အတွင်း အညွှန့်သစ်များ အဆက်မပြတ် ထပ်မံဆွတ်ခူးနိုင်ပါသည်။ ဇွန်လကုန် မိုးရာသီတွင် စိုက်ပျိုးမည်ဖြစ်သဖြင့် မိုးကြီးပါက စိုက်ခင်းအတွင်း ရေလျှံခြင်းနှင့် ပုပ်ခြင်းမရှိစေရန် ဘောင်မြှင့်စိုက်ပျိုးဖို့ လိုအပ်ပါတယ်၊မျိုးစေ့ကိင စိုက်ပျိုးရေးမျိုးစေ့အရောင်းဆိုင်တွေမှာ မေးမြန်းဝယ်ယူပါ။ သွင်းရမည့် ဒိုင်နေရာကိုတော့ သိရှိသူများဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ ဈေးတန်းကြီးကဏ္ဍမှာလည်း တင်မေးဖို့ရန်အကြံပြုပါတယ်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကန်ဇွန်းစေ့စိုက်ထားတာ အပင်လေးပေါက်လာပါပြီ အပင်လေး သန်စွမ်းအောင်လို့ ဘယ်လိုလုပ်ဆောင်ပေးရမလဲဗျ။
ဖြေကြားချက် 3 ခု
ကျွန်တော်က ရန်ကုန်မှာ ကုန်းကန်စွန်း စိုက်ချင်လို့ ဘယ်လိုဝယ်တာလဲ ဈေးနှုန်းလေး သိချင်ပါတယ်။
ဖြေကြားချက် 1 ခု
နွားသေးအကြောင်းမေးချင်ပါတယ်ဗျ ကျနော့ချဉ်ပေါင်ခင်နဲ့မုန်ညင်းခင်းမှာ ပုလဲမြေဩဇာနဲ့နွားသေးကို ယှဉ်ဖျန်းကြည့်တာ ပု...
ဖြေကြားချက် 4 ခု
ကန်စွန်းရွက် မှာ ဘာရောဂါဖြစ်တာလဲ ပိုးကျတာလား ဘာဆေးတွေသုံးရမလဲ အကြံပြုကြပါဦး
ဖြေကြားချက် 1 ခု
ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာ...
ဖြေကြားချက် 2 ခု