အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ယိင်းယိင်း
လွန်ခဲ့သော ၄ လ က · ပြင်ဦးလွင်

ဂန္ဓမာကအဲ့လိုဖစ်နေလို့ပါ ရှင့်ဘာဆေးဖြန်းရမလဲကူညီပေူကြပါအုံး ဆေးအနေနဲ့ ရာစီကျင်းရယ် မှိုဆေးရယ်တော့တွဲဖြန်းထားတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ ဂန္ဓမာ
Post image
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,122 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

အရွက်အောက် စုပ်စားပိုးစုပ်လို့၊အရွက်အပေါ်ပိုင်း အဝါကွက်ဖြစ်တာလို့မြင်ပါတယ်။အရွက်အောက်ဖက်ကို ပင်လူံးပြန့်ပိုးသတ်ဆေးဖျန်းပေးပါ။စွဲကပ်ဆေးထည့်ပါ။

သော်ဇင်
သော်ဇင် 453,519 လွန်ခဲ့သော ၄ လ က

ဂန္ဓမာရွက်များ အဝါရောင်ပြောင်းပြီး နွမ်းရခြင်းမှာ အဓိကအားဖြင့် ရေဝပ်ခြင်း သို့မဟုတ် မှိုကြောင့်ဖြစ်သော အမြစ်ပုပ်/ပင်ညှိုးရောဂါ နှင့် ဆေးဖျန်းမမှန်ခြင်းတို့ကြောင့် ဖြစ်နိုင်သလို၊ အခြားတစ်ဖက်တွင်လည်း ဖြုတ်ပိုး၊ ပျပိုးနှင့် မွှားပင့်ကူနီကဲ့သို့သော စုပ်စားပိုးများ ကျရောက်၍ အပင်အာဟာရရည်ကို စုပ်ယူစားသောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ရေနုတ်မြောင်းများ ဖောက်ပေးခြင်း၊ အရွက်အောက်မျက်နှာပြင်များကို စစ်ဆေးခြင်းတို့အပြင်၊ မှိုရောဂါအတွက် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် မန်ကိုဇက် (Mancozeb) ကိုလည်းကောင်း၊ စုပ်စားပိုးများအတွက် အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် တမာဆေး (Neem Oil) ကဲ့သို့သောဆေးများကိုလည်းကောင်း စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့သုံးစွဲလေ့ရှိပါတယ် ခင်ဗျာ။ အာပတ်လွတ်လား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။