အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Aung
Aung Aung 816
လွန်ခဲ့သော ၂ လ က · ရမည်းသင်း

အပင်ရောဂါအခြေအနေလေး ကြည့်ပေးပါအုံး အရွက်တွေဝါပြီး မှိုကျနေသလိုဖြစ်နေပါတယ် အောက်ကပုံထဲက ငါးပုံမြောက်ပုံက အရွက်တွေက ပုံမှန်နဲ့ကွဲနေလို့ ရောဂါကျနေတာပဲလား အပင်အနည်းစု အပွင့်လေးတွေစပွင့်ပြီး အသီးလေးတွေပေါ်နေပါပြီ ဘယ်လိုတွေဆက်လက်လုပ်ဆောင်ရမလဲဆိုတာ ဖြေပေးပါအုံး

ပိုးမွှားရောဂါ ထောပတ်ပဲ
Post image
Post image
Post image
Post image
Post image
+၂

ဖြေကြားချက် ၄ ခု

အောင်စီ
အောင်စီ 4,207 လွန်ခဲ့သော ၂ လ က

ကာဗင်မှိုသတ်ဆေးဖျန်းရင်ရနိုင်ပါတယ်ဗျ

Aung Aung
Aung Aung 816 လွန်ခဲ့သော ၂ လ က

copper oxy captan emmamectin acetamiprid ရှိပါတယ် အဲဒီထဲက ဘာလိုစဥ်ပြီး ဖျန်းသင့်လဲဆရာ ကာဆူကာ က ဝယ်ကိုဝယ်ရမှာပဲလား အပွင့်အသီးအတွက်လည်း ရှေ့ဆက်လုပ်သင့်တာပြောပေးပါအုံး ဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ လ က

bacterial leaf blight ရောဂါကျနေတာပါ။ကော့ပါး+ကာဆူကာ ဖျန်းပါ။သို့မဟုတ် bismerthiazol ဖျန်းပါ။ ၅ပုံမြောက်က ပဲမိုဇိတ်ဗိုင်းရပ်စ်ရောဂါပါ။

Sa Ai Shaung
Sa Ai Shaung 149 လွန်ခဲ့သော ၂ လ က

ဒီလိုလက္ခဏာက အရွက်ခြောက်ရောဂါ (Leaf Blight/Leaf Spot) ဖြစ်နိုင်ခြေ အများဆုံးပါ။ မှို (fungus) သို့မဟုတ် ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပါတယ်။ လက်ရှိလုပ်သင့်တာ ရောဂါပြင်းတဲ့ အရွက်တွေကို ဖြတ်ပြီး စိုက်ခင်းအပြင်မှာ ဖျက်ဆီးပါ။ စိုက်ခင်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။ ရေမလွန်အောင် ထိန်းပါ။ အရွက်ပေါ်ကို ရေမဖျန်းပါနဲ့။ မှိုသတ်ဆေးတစ်မျိုးကို ဖျန်းပါ။ Mancozeb 80% WP သို့မဟုတ် Copper Oxychloride သို့မဟုတ် Azoxystrobin + Difenoconazole ပါဝင်တဲ့ဆေး (ညွှန်ကြားချက်အတိုင်းနှုန်းထားနဲ့ ၅–၇ ရက်ခြား ဖျန်းပါ။)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။