အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
99
လွန်ခဲ့သော ၂ လ က · ပြည်

ဆရာတို့ရေ နွားသေးကို ပညာရှင်တခြို့ရဲ့ပို့ချချက်လေးတင်ပြပါရစေ.နွားသေးတစ်လီတာ.ထန်းလျှက် ၆၂ ကျပ်သား.နွားချေး ၆၂....

ဆရာတို့ရေ နွားသေးကို ပညာရှင်တခြို့ရဲ့ပို့ချချက်လေးတင်ပြပါရစေ.နွားသေးတစ်လီတာ.ထန်းလျှက် ၆၂ ကျပ်သား.နွားချေး ၆၂.ကျပ်သားကို ရေ၁၀လီတာနဲ့ တပါတ်ခန့်အချဥ်ဖောက်ပီး ၁၆ လီတာဆေးဖျန်းတပုံးကို ၃၀၀စီစီ.ရောစပ်ပက်ဖျန်းပေးဘို့ပြောပြချက်လေးသိရပါတယ်.နွားသေးကြီးဆေးဖျန်းတပုံးတလီတာ.သို့မဟုပ် နှစ်လီတာနဲ့ရှင်ရင် နွားသေးကုန်သက်သာတယ်လို့ထင်မိပါတယ် ဘယ်အရာကပိုထိရောက်မှုရှိပါသလဲ ကောင်းကျိုးဆိုးကျိုးလေးသိချင်ပါတယ်ဗျ ကျေးဇူးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၀ ရက်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

နွားသေးသက်သက်ဖျန်းတာကပိုပြီးကောင်းပြီးသက်သာပါတယ်နိုက်ထရိုဂျင်ရောအပင်တွေအတွက်အကျိုးဖြစ်စေတဲ့ဟော်မုံးတို့မကျက်စီးတဲ့အတွက်ကြောင့်ပါပထမနည်းကအချဥ်ဖောက်နည်းကမကောင်းလို့ပါနွာယသေးရဲ့ကောင်းတဲ့အဟာရများပျက်စည်းသွာစေနိုင်လို့ပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

နွားသေး၊နွားချေး၊ထန်းညက်နဲ့ အချဉ်ဖောက်ရည်ကို အိန္ဒိယမှာ Jeevamrutham (Jeevamrit)ဆိုပြီး ၊ဇီဝမြေဩဇာရည် အဖြစ် တွင်ကျယ်စွာအသုံးပြုနေကြပါပြီ။ နွားသေး ချည်းသက်သက် ဖျန်းတာထက်၊ပိုကောင်းပါတယ်၊

You

ဆက်စပ်မေးခွန်းများ

ဆရာကြီးခဗျား နွားသေးကမက်ပဲပင်ကိုအားဆေးအဖြစ်အသုံးပြုရင် အဆင်ပြေလား

ဖြေကြားချက် 2 ခု

စပါးခင်းနွားသေးဖျန်းခြင်လို့ဘယ်ချိန်တွေမှာဖျန်းပေးရလဲဗျ

ဖြေကြားချက် 2 ခု

ကြက်သွန်နီပျိုးခင်း၂၇ရက်သား နွားသေးဖျန်းလို့ရလား များရင်ကြက်သွန်ပင်လောင်နိုင်လား နွားသေးဘယ်လောက်နှုန်းထည့်...

ဖြေကြားချက် 1 ခု

-နွားသေးမှာ အပင်အတွက် ပါဝင်သော အဟာရဓါတ်များကို သိလိုပါတယ်။ -စိုက်ပျိုးရေးမှာ နွားသေးကိုသုံးရင် ရောဂါကျရောက်...

ဖြေကြားချက် 2 ခု

မဂ်လာပါ စိုက်ပျိုးရေး ပညာရှင်များ နွားသေး အကြောင်း youtube မှာတွေ့တာ အတော်လေးကိုအဆင်ပြေတယ် သုံးဘူးတဲ့သူများရှိ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။