ဖြေကြားချက် ၃ ခု
ကြက်ဥခွံ ရှာလကာရည်စိမ်ရည်ကို အပင်ခြေမြေကြီးထဲသို့ ဖျန်းပေးနိုင်ပါတယ်။ ဤနည်းလမ်းသည် အမြစ်များကို သန်မာစေပြီး အာဟာရစုပ်ယူမှုကို အားကောင်းစေသည့်အပြင် မြေဆီလွှာအတွင်းရှိ အပင်အတွက် အကျိုးပြုအဏုဇီဝပိုးများကိုလည်း တိုးပွားစေပါတယ်။ အသုံးပြုရာတွင် ရေ ၄ ဂါလံလျှင် ဆေးရည် ၆၀ စီစီ မှ ၂၀၀ စီစီ အချိုးအတိုင်း ရောစပ်၍ အပင်ခြေဝန်းကျင် မြေကြီးစိုစွတ်ရုံမျှ ဖျန်းပေးရပါမယ်။ အရွက်ဖြန်းသကဲ့သို့ပင် မြေကြီးပူနေချိန်ကိုရှောင်၍ ညနေစောင်း နေအေးချိန် တွင် ဖျန်းပေးခြင်းက အကောင်းဆုံးဖြစ်ပြီး ၂ ပတ်လျှင် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
ကြက်ဥခွံ ရှာလကာရည်စိမ်ရည် (WCA) ကို ကြက်မောက်သီးနှင့် ဒူးရင်းပင်ကဲ့သို့ နှစ်ရှည်ပင်များတွင် စိတ်ချလက်ချ ဖြန်းနိုင်ပါတယ်။ ၎င်းတွင်ပါဝင်သော ကယ်လ်စီယမ်ဓာတ်သည် အပင်ကို သန်မာစေပြီး အသီးပုပ်ခြင်းနှင့် အပွင့်အသီး ကြွေခြင်းကို ကာကွယ်ပေးပါတယ်။ အသုံးပြုပါက ရေ ၄ ဂါလံလျှင် ဆေးရည်၅၀စီစီ ရောစပ်၍ အပင်ပန်းပွင့်ခါနီးနှင့် အသီးတင်စအချိန်များတွင် ၁၀ ရက် သို့မဟုတ် ၂ ပတ်လျှင် တစ်ကြိမ် ဖြန်းပေးရပါမည်။ နေပူရှိန်ကြောင့် အရွက်လောင်ခြင်း ကာကွယ်ရန် ညနေစောင်း နေအေးချိန် သို့မဟုတ် နံနက်စောစောတွင်သာ ဖြန်းပေးသင့်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
OM ဆိုတာ ဘာကိုဆိုလိုတာလဲဗျ ဆရာသမားတို့
ဖြေကြားချက် 1 ခု
ငါးကိုအပုတ်ခံထားတာ ရက်၂၀ ရှိပီ အကုန်ကြေမွသွားပီ လောက်ကောင်တော့မရှိဘူး ကော်ပုံးထဲမှာအလုံထည့်ထားတယ် အဲဒါကို တင်...
ဖြေကြားချက် 3 ခု
ဒီနွားနို့အခြင်ဖောက်ရည်နှင့် ငါးအမိုင်နိုပြုလုပ်တဲ့အထဲမှာရောထည့်လို့ရလား ထည့်လို့ရရင် ငါးတပိဿာမှာဘယ်လောက်ထည့်...
ဖြေကြားချက် 3 ခု
အမဲသတ်ရုံမှာ အမဲရိုးတွေအများကြီးပဲ အလကားရတယ် အဲဒီအရိုးကို ဆွေးအောင်ဘယ်လိုလုပ်ရမလဲ ပီးရင် အဲဒီအရိုးဆွေးကိုနှစ်...
ဖြေကြားချက် 0 ခု
ကြက်မောက်ပင်အသီးထွက်နှုန်းများစေရန် ဘာအစာများကြွေးသင့်ပါလဲခဗျ
ဖြေကြားချက် 1 ခု