ခုနောက်ပိုင်း 16 ပါတ်လည်ဓာတ်မြေဩဇာတွေရှာဝယ်လို့မရတော့ဘူး 16ပါတ်လည်ဓာတ်မြေဩဇာ အစား ဘာဆေးကျွေးရင်ရလဲဗျ ကျေးဇူးပြု၍ ဖြေပေးပါအုန်းဗျား
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ကွမ်းပင်အတွက် ၁၆ ပတ်လည် ကွန်ပေါင်းမြေသြဇာ (NPK 16:16:16) ကို အစားထိုးရန်အတွက် ပုလဲ (ယူရီးယား ၄၆%) ၁၇.၅ ကီလိုဂရမ်၊ တီစူပါ (TSP ၄၆%) ၁၇.၅ ကီလိုဂရမ်နှင့် ပိုတက်ရှ် (MOP ၆၀%) ၁၃.၅ ကီလိုဂရမ်တို့ကို သမအောင် ရောစပ်ပြီး ၅၀ ကီလိုဂရမ်စာ အိတ်တစ်အိတ်အချိုးအတိုင်း ကိုယ်တိုင်စပ်ယူ အသုံးပြုနိုင်ပါတယ်။ သို့မဟုတ်ပါက အနီးစပ်ဆုံးဖြစ်သော ၁၅ ပတ်လည် မြေသြဇာကို ဖြစ်စေ၊ အရွက်စားသီးနှံဖြစ်၍ နိုက်ထရိုဂျင်ပိုမိုပါဝင်သော ၁၆:၁၆:၈ သို့မဟုတ် ၂၀:၁၀:၁၀ မြေသြဇာများကို ဖြစ်စေ အစားထိုး သုံးစွဲနိုင်ပါတယ်။ အပင်အာဟာရ ပိုမိုစုံလင်ပြီး ရောဂါဒဏ်ခံနိုင်ရန် ဓာတ်မြေသြဇာနှင့်အတူ နွားချေးဆွေးကဲ့သို့ သဘာဝမြေဩဇာများကိုပါ ပေါင်းစပ်ကျွေးရန် လိုအပ်ပါတယ်ဗျ။
ယူရီးယား (Urea 46%)၊ တီစူပါ (TSP 46%) နှင့် ပိုတက်ရှ် (MOP 60%) တို့ကို ဝယ်ယူပြီး ကိုယ်တိုင် အချိုးကျစပ်၍ သုံးနိုင်ပါသည်။ 16:16:16 (၁) အိတ်စာ (၅၀ ကီလိုဂရမ်) ရရှိရန် ပေါင်းစပ်ရမည့်အချိုး: ယူရီးယား (Urea): ၁၇.၅ ကီလိုဂရမ် တီစူပါ (TSP): ၁၇.၅ ကီလိုဂရမ် (သို့မဟုတ်) ပိုတက်ရှ် (MOP): ၁၃.၅ ကီလိုဂရမ် (သို့မဟုတ်) ၃မျိုးရောစပ်အသုံးပြုပါ။
ဆက်စပ်မေးခွန်းများ
ကွမ်းပင်ရဲ့ ကွမ်းရွက်မှာ အနိကြောတွေဖြစ်နေလို့ဗျ ဘာဖြစ်တာလည်းမသိလို့ ပိုးကြောင့်လား ရောဂါကြောင့်လား ဘာဆေးသုံး...
ဖြေကြားချက် 3 ခု
ကွမ်းပင်ပင်စည်မကြီးတွေခြောက်ပြီးသေကုန်လို့ ဘာရောဂါဖြစ်တာလဲ ဒီနှစ်မှကွမ်းစိုက်ဖူးတာမို့ပါ ကျေးဇူးပြု၍ဖြေကြား...
ဖြေကြားချက် 2 ခု
ကွမ်းမှာ ဘက်တီးရီးယားလား မှိုလား ဆရာ ရာဇဖွားဖျန်းလို့ရလားဗျ
ဖြေကြားချက် 5 ခု
ဘာကြောင့် ဖြစ်တာလဲဗျ တော်တော်များတယ် ဘာဆေးသုံးရမလဲ ဖြေပေးပါအုံး
ဖြေကြားချက် 2 ခု
ရောဂါလား ဆေးလောင်တာလား မခွဲတတ်လို့ပါဗျ (copper oxychloride ကိုတော့ ၁၅ ရက်သား ၂၀ ရက်သား ၁ လသားမှာ ဖျန်းထားပါတယ်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။