ဖြေကြားချက် ၂ ခု
ခရမ်းချဉ်ပင်အတွက် နွားချေးနှင့် နှမ်းဖတ်ကို ရေစိမ်ကျွေးခြင်းသည် အပင်ကြီးထွားမှုကို များစွာအထောက်အကူပြုသဖြင့် ပြုလုပ်နိုင်သော်လည်း အပင်လောင်ပြီး ညှိုးသေခြင်းမှ ကာကွယ်ရန် စနစ်တကျ အချဉ်ဖောက်ရပါမယ်။ နွားချေးအခြောက်နှင့် နှမ်းဖတ်ကို ရောစပ်ကာ ရေထဲတွင် အနည်းဆုံး ၇ ရက်မှ ၁၀ ရက်အထိ အချဉ်ဖောက်ပြီးမှ ထွက်လာသော အာဟာရအရည်ပြင်းကို ရေအဆ ၁၅ ဆမှ ၂၀ ဆအထိ အရောင်ဖျော့သွားအောင် ထပ်မံရောစပ်ရပါမယ်။ ၎င်းအရည်ကို အပင်ခြေရင်း ပင်စည်ကို တိုက်ရိုက်မထိစေဘဲ အပင်နှင့် တစ်ထွာခန့်ခွာသော အမြစ်ဝန်းကျင်မြေသားပေါ်သို့သာ တစ်ပတ်လျှင် တစ်ကြိမ် မျှတစွာ ဖျန်းပေးခြင်းဖြင့် အပင်လောင်ခြင်း ကင်းဝေးစေပြီး အဟာရကို အပင်မှရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ်အသီးကြီးဆေးညွန်းပါလားဗျ
ဖြေကြားချက် 1 ခု
ခရမ်းချဥ် ထိပ်ဖျားကအဝါရောင်ဖျော့ဖျော့ဖစ်နေတယ်ဆရာ ဘာဖစ်တာလဲဖြေကြားပေးပါဦး
ဖြေကြားချက် 4 ခု
ဆရာခင်ဗျ Jul 16 ရက်နေ့က မြေချထားတဲ့အပင်လေးတွေ အလိုလေးတေ ၉ပင် ၁၀ ပင်လောက် တွေ့နေရလို့ဗျ ကြည့်ပေးပါအူးဆျာ မိုးမ...
ဖြေကြားချက် 4 ခု
မကွေးတိုင်းချောက်မြို့နယ်က မိုးမရွာတော့ဘူးလားဆျာရေ မိုးမျှော်နေရတာ လည်တေလဲရှည်နေပီ အပင်တေလဲ ငိုနေပီ😌
ဖြေကြားချက် 2 ခု
အလောက်ကြီးကျလွန်တာပေါ့ဆရာရေ အခုမနက် ဆရာညွှန်တဲ့အတိုင် မတလဇီးတစ်မျိုးတည်း ရေ ၂၀ လီတာ ဆေးဖျန်းပုံးတစ်ပုံးကို ၄...
ဖြေကြားချက် 17 ခု