ဖြေကြားချက် ၂ ခု
GW-11 စပ်မျိုးစပါးသည် မြန်မာနိုင်ငံ ဆန်စပါးဈေးကွက်တွင် ဝယ်လိုအား အလွန်ကောင်းမွန်ပြီး အရောင်းအဝယ် အလွန်သွက်သော အမျိုးအစား ဖြစ်ပါတယ်။ ၎င်းသည် ကြိတ်ခွဲရလဒ် ကောင်းမွန်ပြီး ဆန်ထွက်နှုန်း မြင့်မားသောကြောင့် ဆန်စက်ပိုင်ရှင်များနှင့် သီးနှံကုန်သည်များက ကွင်းဈေးဖြင့် အပြိုင်အဆိုင် ဆင်းဝယ်လေ့ရှိကြပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အပါအဝင် စပါးစိုက်ဒေသများတွင် ဈေးကွက်ခိုင်မာမှု အပြည့်ရှိပါတယ်။ နေ့စဉ်စားသုံးမှုဈေးကွက်တွင်လည်း အရည်အသွေးသင့်တင့်ပြီး စျေးနှုန်းမျှတမှုကြောင့် အမြဲတမ်း အရောင်းအဝယ်ဖြစ်နေသဖြင့် ရိတ်သိမ်းချိန်တွင် ဝယ်မည့်သူမရှိမှာကို ပူပန်စရာမလိုဘဲ စိုက်ပျိုးရန် စိတ်ချရသော စပါးမျိုး ဖြစ်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါး အစို့ဖောက်ကြဲခင်း တစ်လသားအရွယ်မှာ လယ်တစ်ကွက်နဲ့တစ်ကွက် အပင်တက်ပုံခြင်းမတူလို့ပါ။တစ်ချို့လယ်တွေက အပင်လှီ...
ဖြေကြားချက် 1 ခု
ရွှေဘိုဒေသဘက်က ပေါ်ဆန်းဘေးကြားစိုက်တောင်သူတစ်ယောက်ပါ 15ပတ်လည်ကို 50/55ရက်သားပတ်ချာလည်နဲ့မှို့ကပ်ချိန်မှ ထည့်...
ဖြေကြားချက် 1 ခု
ဆရာများခင်မျ ငါးအမိုင်နိုလုပ်ထားတာရက်ပေါင်း၅၀ရပါပီအားလုံးလဲကျေပါတယ်အရည်မဖြစ်ပါပစ်တွဲတွဲဖြစ်နေပါတယ်ဆေးဖျန်းတဲ့အ...
ဖြေကြားချက် 2 ခု
တစ်ခုလောက်မေးခွင့်ပြုကြပါရာတို့ခင်ဗျာကျွန်တော်စပါးခင်မှာအပင်ခြေမှာအကိုက်ဖြတ်ခံထာရပါတယ်အူတိုင်အပင်မှာဝါပြီး...
ဖြေကြားချက် 5 ခု
အမေအဖြေအစီအစဉ်မှဆရာများအားလုံးမဂ်လာခင်ဗျာကျွန်တော်တခုလောက်မေးချင်ပါတယ်ရာသီစပါးပင်ရှည်မျိုးများမှာNPKအဟာရသုံး...
ဖြေကြားချက် 7 ခု