အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,049
လွန်ခဲ့သော ၂ လ က · ချောက်

ဆရာရေ ကြည့်ပေးပါအူး မြေချပီး 12 ရက်သား အညွှန့်သစ်လဲမလိုက်သလို အမြစ်သစ်လဲမထွက်ဘူးဆရာ တော်တော်များများတွေ့ရတယ် တချို့ပင်တေဆို သေကိုသေတယ် ဘာဆက်လုပ်ရမှန်းမသိလို့ဆရာ

အပင်အာဟာရ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,685 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

အပင်ကြည့်ရတာ သဲကြပ်နေပုံရပါတယ်။သဲပူလောင်တာလို့ခေါ်ကြပါတယ်။ရေဝပ်တာက ပိုဆိုးပါတယ်။ ညှိုးတဲ့အပင်က မရလောက်တော့ဘူး။ပျိုးပင်အစားထိုးစိုက်ပါ။စိုကျင်းထဲကို သဘာဝမြေဆွေး ခံစိုက်ပါ။ပျိုးထုပ်မဟုတ်ရင်၊ညနေပိုင်းမှာစိုက်ပါ။ ကောင်းတဲ့အပင်တွေကို ခါးဆွ/မြေဆွေးမှုန့်ဖြူးပေးပါ။

U Yan
U Yan 10,049 လွန်ခဲ့သော ၂ လ က

ဟုတ်ဆရာကျေးဇူးပါဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မင်္ဂလာပါခင်ဗျာ 22 ရက်နေ့က ‌ပေါင်းသတ်ဆေးလောင်တာပတ်သတ်ပြီး မေးမြန်းခဲ့ပါသည်။ ဒီထဲက ဦးကြီးရဲ့ အကြံပေးချက်ဖြင့်...

ဖြေကြားချက် 0 ခု

မင်္ဂလာပါခင်ဗျာ ကျွန်တော် 19 ရက်နေ့က ပေါင်းသတ်ဆေးလောင်ပြီး အရင် ပို့ တင်တုန်းက ဦးကြီးပြောတဲ့အတိုင်း ကုသထားပြီး...

ဖြေကြားချက် 0 ခု

ဆရာ ခရမ်းချဥ် မြေချပီး 12 ရက်သားပါ အညွှန့်တွေ မပြန့်ပဲ ကုတ်နေလားလို့ဆရာ အပင်တိုင်းအလိုတေဆရာ ကြည့်ပေးပါအူး

ဖြေကြားချက် 7 ခု

မဂ်လာပါခင်ဗျ။ ရွက်ကြောင်းထိုးကျနေလို့ပါဆရာခင်ဗျ abamectin acetamiprid. emamectin benzoate. အလည့်ကျဖြန်းကြည့်...

ဖြေကြားချက် 1 ခု

ခရမ်းချဉ်ဘာရောဂါဖြစ်တာလဲဆရာဘယ်ဆေးaiဖြန်းသင့်ပါလဲ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။