အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တွတ်ပီ
လွန်ခဲ့သော ၁ လ က · တွံတေး

ပဲတီစိမ်းပင်တွေအမြစ်ဆွေးပြီးငြိုးသေကုန်တာမဖြစ်ရအောင် မြေဆီလွှာကိုဘယ်လိုပြုပြင်ရမလဲ ကျွန်တော့်လယ်တွေမှာ‌ဖြစ်နေလို့ပါ

မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၄ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၁ လ က

ပဲဒီစိမ်းအမြစ်ပုတ် ညှိုး​သေတာမြေတွင်းမှိုတို့ဘက်တီးရီးရာစသည်တို့ကြောင့်ဖြစ်နိုင်တယ်သီးလှည့်စိုက်ပါသဘာဝမြေဆွေးEMမြေဆွေးgreen manuring(သစ်စိမ်းမြေသြဇာ ပြုလုပ်ပါ) ပဲမြစ်ဖုမြေသြဇာအစေ့ကိုလူးနယ်စိုက်ပါပဲမျိုးပြောင်းစိုက်ပါ

အောင်ရဲမော်
အောင်ရဲမော် 150 လွန်ခဲ့သော ၁ လ က

ဆရာ ကွမ်းစိုက်ထားတာ ရက်သားပဲရှိသေးတာ အခုမတ္တရာဖက်က ရေကြီးနေလို့ ရေမြုပ်သွားရင် ဘာတေလုပ်ဖို့လိုလဲဗျာ

တွတ်ပီ
တွတ်ပီ 221 လွန်ခဲ့သော ၁ လ က

ကျေးဇူးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,591 လွန်ခဲ့သော ၁ လ က

ပဲပင်ညှိုးသေပြဿနာက၊မြေဆောင်မှိုရောဂါဖြစ်နေပါတယ်။ မြေကြီးမှာ ရောဂါအကြွင်းအကျန်တွေ၊ထုနဲ့ထည်နဲ့ရှိနေပြီးမို့၊အခုလို ပဲစိူက်တိုင်း ညှိုးသေနေရပါတယ်။ မြေဆီလွှာပြုပြင်ဖို့ဆိုရင်၊pHအရင်တိုင်းပါ။၅.၀အောက်ရောက်နေရင် စပါးမစိုက်မီကတည်းက တလကြိုပြီး ထုံးထည့်ပြုပြင်ပါ။(မြေပြင်နည်းကို အစိမ်းရောင်လမ်း ၊ဆောင်းပါးတွေ ရှာဖတ်ပေးပါ)။ ၃နှစ်ဆက်တိုက် ထုံးထည့်ရင်၊ပဲသီးနှံ အသေအပျောက်သက်သာပါလိမ့်မယ်။မြေလည်းပြင်၊မျိုးလည်းပြောင်း၊မျိုးစေ့ဆေးလူးစိုက်ပါ။ ထယ်ရေးထွန်ရေးကို ပိုင်နိုင်စွာ စိတ်တိုင်းကျပြုပြင်ပြီးမှ ပဲစိုက်ပါ။ အဆင်ပြေပါစေ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။