67ရက်သား ရာကျော်စပါးခင်းပါ စပါးပင်ဖွံ့ဖြိုးမှုအနေအထားနဲ့ပင်ပွားနှုန်းအခြေအနေဘယ်လိုရှိလဲဆိုတာ ဖြေကြားပေးပါဗျ
ပုံပါ ၆၇ ရက်သား ရာကျော်စပါးခင်းသည် လက်ရှိတွင် အရွက်များ စိမ်းစိုထောင်မတ်ပြီး ပင်ပွားနှုန်း အလွန်ကောင်းမွန်သောကြောင့် အပင်ဖွံ့ဖြိုးမှု အဆင့်ဆင့် ပြည့်မီနေပါတယ်။ ရာကျော်စပါးမျိုး၏ သက်တမ်းအရ ဤအချိန်သည် မှို့ကပ်စပြုသည့် အရေးကြီးဆုံး ကာလဖြစ်သဖြင့် ပင်ပွားထွက်ရန် ယူရီးယား ထပ်ကျွေးရန်မလိုတော့ဘဲ၊ စပါးနှံအောင်ပြီး အစေ့အဆန် ပြည့်ဝစေရန် ပိုတက်ရှ် (Potash) မြေဩဇာကို ပြောင်းလဲကျွေးရပါမယ်။ ဤအချိန်တွင် လယ်ကွင်းအတွင်း ရေပြတ်လပ်ပါက စပါးအဖျင်းများတတ်သဖြင့် ရေကို ၂-၃ လက်မခန့် အမြဲရှိနေအောင် ထိန်းသိမ်းရန်နှင့် စပါးရွက်လိပ်ပိုး၊ ဆစ်ပိုး၊ ဂုတ်ကျိုးရောဂါများ မကျရောက်စေရန် ကွင်းဆင်းစစ်ဆေး ကာကွယ်ရမည့် အချိန်ဖြစ်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
ဖြေကြားချက် 0 ခု
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
ဖြေကြားချက် 3 ခု
8-လပိုင်း 2026 စပါးအစို/အခြောက်ဈေးလေးသိပါရစေခဗျ။🙏
ဖြေကြားချက် 2 ခု
တက်ပွတ် အတွက် ဘာဆေးသုံးရမလဲ
ဖြေကြားချက် 4 ခု
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။