ဆလပ်ကိုမျိုးစေ့ထုတ်လုပ်သောလုပ်ငန်းစဉ်အဆင့်ဆင့်အကြောင်းအကျယ်ချဲ့သိချင်လို့ပါရှင့်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
ဆလပ်မျိုးစေ့ထုတ်လုပ်ရန်အတွက် အနည်းဆုံး မျိုးကွဲအကွာအဝေး (၆-၁၀) ပေ ခြား၍ စနစ်တကျ ပျိုးထောင်စိုက်ပျိုးရပါမယ်။ အပင်ကြီးထွားမှုအဆင့်တွင် မိမိစိုက်ပျိုးသည့် မျိုးနှင့်မကိုက်ညီသော မျိုးကွဲများနှင့် ရောဂါရအပင်များကို စိုက်ခင်းထဲမှ ရှာဖွေနုတ်ပယ်ရပါမည်။ အပင်ရိုးတံရှည်ထွက်ပြီး ပန်းပွင့်ချိန်တွင် မှိုရောဂါမကျရောက်စေရန် အပင်အပေါ်မှရေလောင်းခြင်းကို ရှောင်ကြဉ်ပြီး အောက်ခြေမှသာ ရေသွင်းရပါမယ်။ ပန်းခေါင်းများ၏ သုံးပုံနှစ်ပုံခန့် ဖြူဖွေးသောအမွှေးပွလေးများ ထွက်လာချိန်တွင် နေမပြင်းခင် စောစောရိတ်သိမ်းပြီး၊ ရိပ်သိမ်းပြီးနောက် သေချာစွာ ထပ်မံအခြောက်ခံ၊ အမှိုက်သန့်စင်ကာ လေလုံသောဘူးဖြင့် အေး၍ခြောက်သွေ့သောနေရာတွင် သိုလှောင်ရပါမယ်။
ရှွေဘိုမှာဆလပ်မျိုးစေ့ ထုပ်မယ်ဆိုရင်အောက်တ်ုဘာလလခန့်တွင်အပင်ကြီးများကိုရွေးပြီးဘောင်များတွင်သုံးပေခြါစိုက်ပြီးထားရင် ရာသီဥတုအေးလာရင်အပင်ရှေထွက်္(bolt)လာပြီးပန်းများနှစ်လခန့်ကြာအောင်ပန်းများပွင့်ပြီးပင်တည်းဝတ်မှုံကူးပြီးမျိုးအောင်ပြီးအစေ့များဖြစ်ပေါ်လာပြီးအမွှးများဖြူလာရင်ရင့်ပြီဖြစ်၍ဆွတ်ခူးပြီနေလှန်းအခြောက်ခံပြီးဖန်ပါလင်းတဲလေလုံအောင်သိမ်းထားပါ
ဆက်စပ်မေးခွန်းများ
ဆလပ်က အခုလို မိုးရာသီမှာ စိုက်လို့ ရနိုင်လားဗျ
ဖြေကြားချက် 2 ခု
မုန်ညင်း/ဆလပ်တွန့်/အိုးမုန်ညှင်းး/ကိုက်လန်တို့က ဘယ်ချိန်စပီး ပျိုးရတာလဲရှင့်
ဖြေကြားချက် 2 ခု
အခုမှစစိုက်မှာပါ ဆလပ်ရွက်စိုက်ပျိုးနည်းပြောပြပေးကြပါရှင့် နေရောင်ခြည်သိပ်မရတဲ့နေရာမှာစိုက်လို့အဆင်ပြေလားရှင့်...
ဖြေကြားချက် 2 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။...
ဖြေကြားချက် 2 ခု
အပါ်က ဆလပ်ကို အောက်က ငါးကန် နဲ့ ပါ ။ ခုမှ စလုပ်တာမို့ ငါးအသေအပျောက်နဲ့ အပင်အသေအပျောက်တွေရှိနေလို့ ဘာတွေ လုပ်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။