အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
156
လွန်ခဲ့သော ၁ လ က · ကျုံပျော်

ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံး...

ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံးရမယ်ဆေးေတွညွှန်းေပးပါအုံး ဒိုင်မီသိုေမာ့နဲ့ကလိုရိုသာလိုေနးအရောေတာ့ဖျန်းထားတယ်နှစ်ရက်ရှိပြီ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် တိမ်ထူထပ်ပြီး မိုးရွာ
ပိုးမွှားရောဂါ ကွမ်း
2

ဖြေကြားချက် ၂ ခု

348,957 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

ရောဂါတွေကမှိုကြောင့်ဖြစ်သည့်ရောဂါချင်းတူတူပါပဲ။မှိုအုပ်စုတွေတော့မတူကြပါဘူး။ မိုးအုံ့ရွာသွန်းပြီး စိုထိုင်းဆများသည့် အခြေအနေကြောင့် ကွမ်းပင်ခြေပုပ် ခါးရိရောဂါ (Phytophthora/Rhizoctonia မှို) ကျရောက်နေခြင်း ဖြစ်ပါတယ်။ ဒီရောဂါက မှိုရောဂါတစ်မျိုးတည်းကြောင့် ဖြစ်ပွားနိုင်သော်လည်း ရေဝပ်ပါက ပိုမိုဆိုးရွားတတ်ပါတယ်။ ကုသရန်အတွက်Metalaxy+Mancozeb စပ်ဆေး သို့မဟုတ် ဖော့စတိုင်း အလူမီနီယမ် (Foestyl-Al) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးရည်ကို အပင်ပေါ်ဖြန်းရုံတင်မကဘဲ ပင်ခြေနှင့် အမြစ်ထဲအထိ စိမ့်ဝင်အောင် ဖျန်းပေးရပါမယ်။ တစ်ပြိုင်နက်တည်းမှာပင် ခြံထဲ၌ ရေဝပ်မှုမရှိစေရန် ရေနုတ်မြောင်းများ ချက်ချင်းဖောက်ပေးခြင်း၊ ရောဂါဖြစ်နေသော ရောဂါရပင်များကို အမြစ်ပါမကျန် တူးဖော်မီးရှို့ဖျက်ဆီးခြင်းနှင့် အပင်တစ်ရှူးများကို ပျော့အိစေမည့် ယူရီးယား (နိုက်ထရိုဂျင်) မြေသြဇာ ကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားခြင်းတို့ဖြင့် အရေးပေါ် ထိန်းချုပ်ရပါမယ်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

မှိုရောဂါကို အမျိုးအစားခွဲရင်၊၂မျိုးရှိပါတယ်။Oomycete နဲ့ Non-Oomyceteပါ။ ကွမ်းမြစ်ပုပ်၊ခါးရိ၊‌‌ေဒါင်းမြီးကွက်ရောဂါတွေမှာ မှိုအမျိုးအစား၂မျိုး ရောကျနေတဲ့သဘောရှိပါတယ်။ တခါတရံမှာ ဘက်တီးရီးယားရောဂါဝင်လာရင် ကုရခက်ပါတယ်။ ဒါကြောင့် metalaxyl+mancozeb တလှည့်၊axoxystrobin+fosetyl aluminium တလှည့် အပင်ခြေဖျန်းသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။