အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မဆုလာဘ်ဧကရီမေ
လွန်ခဲ့သော ၂ လ က · ပေါင်းတည်

ပဲငပိ၁တင်းဘယ်စျေးလဲရှင်အပေါက်ကောင်းမကောင်းဘယ်လိုစမ်းရမလဲဆရာရှင်ထယ်ထိုးပီးပတ်တာမပေါက်လို့ပါရှင်

စိုက်ပျိုးစီးပွား ပဲပုပ်

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 453,477 လွန်ခဲ့သော ၂ လ က

မျိုးစေ့ဈေးနှုန်းကတော့ အဲ့ဒီပေါက်ဈေးလောက်ရှိပါတယ်၊ကျွန်တော်တို့ကကုန်စည်ဒိုင်ပေါက်ဈေးကိုပြောတာပါခင်ဗျာ၊

မဆုလာဘ်ဧကရီမေ
မဆုလာဘ်ဧကရီမေ 172 လွန်ခဲ့သော ၂ လ က

ရွာမှာ၃သိန်းကျော်ထိရောင်းနေကြလို့ခုလိုစျေးနဲ့ရချင်ပါတယ်ဆရာဘယ်မှာဝယ်ရမလဲရှင်

သော်ဇင်
သော်ဇင် 453,477 လွန်ခဲ့သော ၂ လ က

လက်ရှိ ပဲပုပ်ပေါက်ဈေးသည် ဗမာပဲပုပ် တစ်တင်းလျှင် ကျပ် ၁,၃၈,၀၀၀ ဝန်းကျင် ဖြစ်ပြီး ရှမ်းပဲပုပ်မှာ တစ်တင်းလျှင် ကျပ် ၁,၂၀,၀၀၀ မှ ၁,၃၅,၀၀၀ ဝန်းကျင် ရှိပါတယ်။ ထယ်ထိုးကြဲပတ်စနစ်တွင် အပင်မပေါက်ရခြင်းမှာ ပဲပုပ်မျိုးစေ့၏ သိုလှောင်သက်တမ်း တိုတောင်းခြင်း၊ ကြဲပတ်စဉ် ပဲစေ့များ မြေအောက်အလွန်နက်သွားခြင်း (၂ လက်မထက်ကျော်ခြင်း) နှင့် အစိုဓာတ်လွန်ကဲ/နည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ မျိုးစေ့အပင်ပေါက်နှုန်း စမ်းသပ်ရန် ပဲစေ့ ၁၀၀ ကို ရေစိုရုံဆွတ်ထားသော အဝတ်/ဂုန်နီအိတ်ဖြင့် ၃ ရက်မှ ၅ ရက်အထိ အရိပ်ထဲတွင် အုပ်ထားပြီးနောက် ပေါက်လာသော အပင်အရေအတွက်ကို ရေတွက်ရမည်ဖြစ်ကာ အပင်ပေါက်နှုန်း ၈၅% အထက်ရှိမှသာ မျိုးအဖြစ် စိုက်ပျိုးသင့်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။