ဖြေကြားချက် ၁ ခု
စပါးအပြီး သီးထပ်အဖြစ် ပဲပုပ်စိုက်ပျိုးခြင်းသည် မြေဆီလွှာကို နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးသဖြင့် အလွန်အဆင်ပြေသော စိုက်ပျိုးနည်းစနစ် ဖြစ်ပါတယ်။ ပဲပုပ်ပင်သည် အပင်ပေါက်ခါစ၊ ပန်းပွင့်ချိန် နှင့် အစေ့အဆန်တည်ချိန်များတွင် အစိုဓာတ် လုံးဝမပြတ်လပ်ရန် လိုအပ်သဖြင့် ယင်းကာလများသည် ရေသွင်းရန် အရေးကြီးဆုံးအချိန်များ ဖြစ်ပါတယ်။ စိုက်ပျိုးချိန်တွင် မြေတွင်းအစိုဓာတ် ရှိနေပါက ရေတင်ရန်မလိုဘဲ အပင်ပေါက်အောင် စိုက်နိုင်သော်လည်း၊ ပန်းပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်များတွင် မြေကြီးခြောက်သွေ့နေပါက အထွက်နှုန်း ကောင်းမွန်စေရန်အတွက် ရေကို မဖြစ်မနေ သွင်းပေး/တင်ပေးရပါမယ်။ သို့သော် ပဲပုပ်သည် ရေဝပ်ပါက အပင်သေတတ်သဖြင့် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်း စနစ်တကျ လုပ်ဆောင်ထားရန်လည်း လိုအပ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲငပိ၁တင်းဘယ်စျေးလဲရှင်အပေါက်ကောင်းမကောင်းဘယ်လိုစမ်းရမလဲဆရာရှင်ထယ်ထိုးပီးပတ်တာမပေါက်လို့ပါရှင်
ဖြေကြားချက် 3 ခု
ပဲငပိဘယ်လိုစိုက်ပျိုးရလဲရှင်ဖြေပေးပါအုံး
ဖြေကြားချက် 1 ခု
ဓာတ်ပုံထဲမှာပါတဲ့ ပဲပုပ်မျိုးက မိုးတွင်းမှာစိုက်ရင် သီးတောင့်သီးတဲ့ အချိန်အထိကို အပင်ကြီးထွားမှုက ရပ်တန့်သွား...
ဖြေကြားချက် 1 ခု
မိုးများနေရင် ပဲပုတ်ကို ရိုးပြတ်ခုတ်ဖုန်းကျဲလို့ရလားဗျ
ဖြေကြားချက် 1 ခု
ပဲပုပ်ကို ခုတ်ဖုံးကျဲလိုရလား
ဖြေကြားချက် 5 ခု