အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
htet aung
htet aung 27
လွန်ခဲ့သော ၂ လ က · ငပုတော

စပါးရွက်ဖျားပိုးတွေကြနေလို့ဘာဆေးဖျန်းရမလဲဗျ‌ေြဖကြားပေးပါဆရာတို့

ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၂ လ က

စပါးရွက်များ ပိုးကျပြီး ပျက်စီးရခြင်းသည် ရွက်လိပ်ပိုး၊ ပင်စည်ထိုးဆစ်ပိုး သို့မဟုတ် စပါးဖြတ်ပိုးတို့ကြောင့် ဖြစ်နိုင်ပါတယ်။ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် ပင်လုံးပျံ့အာနိသင်ရှိသော ကာတပ် (Cartap)၊ ဆစ်ပိုးနှင့် ရွက်လိပ်ပိုးကို ရေရှည်ကာကွယ်ပေးသည့် ကလိုရန်ထရန်နီလီပရိုး (Chlorantraniliprole) သို့မဟုတ် ကိုက်စားပိုးများအတွက် လန်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin) စသည့် ပိုးသတ်ဆေး (၃) မျိုးထဲမှ သင့်တော်ရာကို ရွေးချယ်ဖျန်းပက်သုံးစွဲလေ့ရှိတယ်။ ဆေးဝါးသုံးစွဲရာတွင် ဆေးဘူးပါအညွှန်းကို သေချာစွာဖတ်ရှုစစ်ဆေးရပါမည်။ ထို့ပြင် ပိုးမွှားခိုအောင်းမှု လျော့နည်းစေရန် စိုက်ခင်းအတွင်း ရေသွင်းရေထုတ် စနစ်တကျလုပ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် သဘာဝမိတ်ဆွေပိုးများကို ထိန်းသိမ်းခြင်းစသည့် ဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများကိုပါ တွဲဖက်လုပ်ဆောင်ပေးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဖြုတ်ပိုးဒဏ် ခံနိုင်‌ရည်ရှိတဲ့ စပါးမျိုးများ သိပါရစေ။ မျိုးပြောင်းစိုက်ချင်ပါတယ်၊ ဖြုတ်ကျတာ 3နှစ်ဆက်ရှိပြီ...

ဖြေကြားချက် 2 ခု

စပါးစိုက်ဖို့အတွက်သမန်း‌ေကာင်းမွန်‌ေအာင်မြေဆီလျွှာကိုဘယ်လိုပြုပြင်ရမလဲ? ဓာမြေဩဇာနဲဖြန်းဆေးတေသုံးဖို့လိုအပ်သလား...

ဖြေကြားချက် 1 ခု

စပါးက ပျိုးရွှေ့စိုက်ပြီ ၃၅ရက်သားရှိပါပြီ စပါး၃ ပုတ်မှာ ဆစ်ပိုးတစ်ကောင်လောက်တွေ့ရပါတယ် ဆေးဖျန်းရမှာလားဗျာ

ဖြေကြားချက် 2 ခု

ပျိုးပင် တစ်လသား ရွေ့ပြောင်း စိုက်ပြီ ရက်၄၀သား ဧရာမင်းစပါး ကျတော်ဖက်မှာ ပိုတက် မြေသြဇာ မရှိဘူးဗျ လိုအပ်နေတဲ့ K...

ဖြေကြားချက် 1 ခု

ပြည်ပ နိုင်ငံအချို့ ရာသီဥတုဖောက်ပြန်မှု့ကြောင့် ရေဘေးကြုံနေရချိန် ကျတော်တို့ နေပြည်တော် ကောင်စီနယ်မြေမှာ ဆည်ရေ...

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။