အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
bominthu
bominthu 10,018
လွန်ခဲ့သော ၃ ပတ် က · မအူပင်

မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ

မြေဆီလွှာ ခရမ်းသီး
Post image

ဖြေကြားချက် ၃ ခု

bominthu
bominthu 10,018 လွန်ခဲ့သော ၃ ပတ် က

ဟုတျကဲ့ ပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,991 လွန်ခဲ့သော ၃ ပတ် က

ပေါင်းသေဖို့ ၁၀ရက်၊အမှိုက်တွေစုပုံမီးရှို့၊ထယ်ရေးပြင် ချိန်နဲ့ဆိုရင်၂၀-၂၅ရက်ကြာမှာပဲလေ။ခရမ်းစိုက်ချိန်မှာ တလ လောက်ခြားရင် ရပါပြီ။ မြေပြင်ဖို့အတွက်ဆိုရင် ဂျစ်ဆန်၁အိတ်+ကေဟူးမစ်၂ထုပ်ကို သဘာဝမြေဆွေးများများနဲ့ မြေပြင်ပေးပါ။ အဆင်ပြေပါတယ်။

သော်ဇင်
သော်ဇင် 354,747 လွန်ခဲ့သော ၃ ပတ် က

ခရမ်းချဉ်ပင်သည် ပေါင်းသတ်ဆေး ဓာတ်ကြွင်းများကို အလွန်ခံနိုင်ရည်နည်းပြီး ထိခိုက်လွယ်သောကြောင့် ပုံမှန်အားဖြင့် ဆေးဖျန်းပြီးနောက် အနည်းဆုံး ၇ ရက်မှ ၁၄ ရက် (ဂလိုင်ဖိုဆိတ်ကဲ့သို့ ပင်လုံးပျံဆေးများအတွက်) စောင့်ဆိုင်းရမည်ဖြစ်ပြီး၊ ကြွင်းကျန်မှုကြာသော ဆေးများဖြစ်ပါက ၃ ပတ်မှ ၄ ပတ် (တစ်လခန့်) အထိ စောင့်ဆိုင်းသင့်ပါတယ်။ မြေပြင်ရာတွင် ဆေးဓာတ်ပြယ်စေရန် ပေါင်းပင်ခြောက်များကို အမြစ်ပါမကျန် စနစ်တကျ ရှင်းလင်းခြင်း၊ မြေကို နက်နက်လှန်၍ ထွန်ယက်ပေးခြင်း၊ နွားချေးဆွေး သို့မဟုတ် အော်ဂဲနစ်မြေဩဇာ ခပ်များများထည့်၍ မြေဆီလွှာကို ပြန်လည်ပြုပြင်ခြင်းနှင့် အစိုဓာတ်ရအောင် ရေသွင်းပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ တစ်ခင်းလုံး မစိုက်ပျိုးမီ အပင်အနည်းငယ်ဖြင့် စမ်းသပ်စိုက်ပျိုးကြည့်ခြင်း သည် အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။‌

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဖော့စဖရပ် နှင့် ပိုတက်စီယမ် နှစ်မျိုးပါတဲ့အစာအိတ်များပြောပြပေးပါဉီးဗျာ

ဖြေကြားချက် 2 ခု

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်း သီးလုံးဖောက်ပိုးစတွေ့နေရပီ အများကြီးမဟုတ်ပေမဲ့တစ်လုံးစ နှစ်လုံးစတော့တွေ့နေရပီ...

ဖြေကြားချက် 2 ခု

ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက်...

ဖြေကြားချက် 2 ခု

ခရမ်းသီးပင်တွေ အညွှန့်တွေ ငြိုးကျနေလို့ပါ ဘယ်လိုပြုပြင်ရမလဲ ဆရာတို့ ကူညီပါအုန်း။

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါ...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။