ဖြေကြားချက် ၁ ခု
သံလွင်မြစ်ဘေးရှိ ကျွန်းမြေများသည် ရေကျချိန်တွင် အာဟာရဓာတ်ကြွယ်ဝသော နုန်းမြေများ တင်ကျန်ခဲ့သဖြင့် စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ မိုးစပါးအပြီး သီးထပ်အဖြစ် မြေပွပွနှင့် ရေစစ်ကောင်းခြင်းကို ကြိုက်နှစ်သက်သည့် ဖရဲ၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီထုပ် ကဲ့သို့သော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို ဦးစားပေး စိုက်ပျိုးသင့်ပါတယ်။ ထို့အပြင် မြေဆီလွှာကို နိုက်ထရိုဂျင်ဓာတ် ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ရေလိုအပ်ချက်နည်းသော မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း ကဲ့သို့သော ပဲမျိုးစုံနှင့် ဈေးကွက်ခိုင်မာသည့် ကြက်သွန်နီ၊ ပြောင်းဖူးများကို စိုက်ပျိုးပါက အထွက်နှုန်းကောင်းမွန်ပြီး စီးပွားရေးအရ အလွန်တွက်ချေကိုက်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ကျွန်တော်ရဲ့ ပန်းစိုက်ခင်းမှာ ခု လိုပိုးစတွေ့နေပါတယ် ဘာ ပိုးလဲ ဆေးလမ်းညွန်ပေးပါ🌼🌼🌼
ဖြေကြားချက် 3 ခု
ကရင်ပြည်နယ်ကော့ကရိတ် တဝိုက်မှာ ပန်းစိုက်ခြံများ ရှိကြလားဗျ
ဖြေကြားချက် 1 ခု
ယခင်တစ်ပတ်လောက်က 15ပတ်လည်နဲ့ ပုလဲဓာတ်မြေသြဇာ ရောကြွေးထားပါတယ် သူ့နောက် အမိုင်န်အက်စစ် ဖျန်းထားပါတယ် အပင်ကြီး...
ဖြေကြားချက် 2 ခု
မိုးများပီးပန်းအရွက်တေဒီလိုဖစ်နေလို့ပါ
ဖြေကြားချက် 4 ခု
မိုးများပီးပန်းအောက်အရွက်တေမှာဒီလိုဖစ်လာလို့ပါ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ