အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
145
လွန်ခဲ့သော ၂ ပတ် က · မိုးမိတ်

ဘာဖြစ်တာလဲမသိဘူး ဘာဆေးအသုံးပြုရမလဲပြောပြပေးကြပါဦးခင်ဗျ

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၂ ပတ် က

စပါးပင်စည်ပုပ်ရောဂါကျ‌ နေတာပါ။ ဒီရောဂါသည် ရေမျက်နှာပြင်နှင့် ထိစပ်နေသော ရွက်ဖုံးနှင့် ပင်စည်များတွင် အမဲစက်များ စတင်ဖြစ်ပေါ်ကာ အတွင်းသို့ ပုပ်ဝင်သွားပြီး အပင်လဲပြိုစေတတ်သော မှိုရောဂါဖြစ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန် စိုက်ခင်းအတွင်းရှိရေကို ကုန်အောင်ထုတ်၍ ၄-၅ ရက်ခန့် မြေပက်လက်အက်ရုံ နေလှန်းပေးခြင်းဖြင့် မှိုပွားမှုကို ဖြတ်တောက်ရပါမယ်။ ရောဂါကျနေစဉ် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ ကျွေးခြင်းကို လုံးဝရပ်နားပြီး၊ ပင်စည်သန်မာစေရန် ပိုတက်စီယမ် (ပိုတက်ရှ်) မြေဩဇာကို ဖြည့်တင်းပေးရပါမယ်။ ဓာတုဆေးဝါးအနေဖြင့် (Azoxystrobin+Difenoconazole) သို့မဟုတ် ဗာလီဒါမိုင်ဆင် (Validamycin) သို့မဟုတ် ဟက်ဆာကိုနာဇိုးလ် (Hexaconazole) ပါဝင်သော မှိုသတ်ဆေးကို အပင်ခြေအရောက် စိုရွှဲစွာ ပက်ဖျန်းပေးရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။