အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
kyaw zin
kyaw zin 2,164
လွန်ခဲ့သော ၂ ပတ် က · ပွင့်ဖြူ

ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ

အပင်အာဟာရ စပါး
Post image
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါစပါးခင်းတွင် ဖြစ်ပေါ်နေသော လက္ခဏာမှာ အောက်ရွက်များ ဝါပြီး ခြောက်သွေ့နေခြင်းဖြစ်ပြီး၊ ၎င်းသည် ဖျက်ပိုးကြောင့်ထက် အာဟာရဓာတ် မမျှတခြင်း ကြောင့်ဖြစ်တာနှင့် ပိုမိုကိုက်ညီနေပါတယ်။ အရွက်များ လိပ်ခေါက်ခြင်း သို့မဟုတ် အလယ်ရွက်ညွန့် ညှိုးခြောက်ခြင်း မရှိသောကြောင့် လှေးပိုးနှင့် ဆစ်ပိုး ကျရောက်သည့် လက္ခဏာ မဟုတ်နိုင်ပါဘူး သို့ပေမယ်သေချာအောင်ထပ်စစ်ဆေးကြည့်ပါဦး။ နိုက်ထရိုဂျင် (ယူရီးယား) ကို တစ်ကြိမ်တည်း အများကြီးမကျွေးဘဲ ခွဲကျွေးပါ။ အပင်၏ ခံနိုင်ရည်စွမ်းအား တက်လာစေရန် ပိုတက်စီယမ် (ပိုတက်ရှ်) မြေဩဇာ ကို မဖြစ်မနေ ထည့်သွင်းပေးပါ။အောက်ခြေအရွက်များ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းစေရန် လယ်ကွင်းထဲတွင် ရေကို အမြဲတမ်း လှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ် (Intermittent Drainage) စနစ်ကို ကျင့်သုံးပေးပါ။

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ ပတ် က

တစ်ကြိမ်တည်းကျွေးရင် လုံလောက်ပါတယ်ဗျ

kyaw zin
kyaw zin 2,164 လွန်ခဲ့သော ၂ ပတ် က

ကျေးဇူးပါခဗျာပိုတက်အခုချိန်ကျွေးလိုက်ရင်၈၅ရက်သားလောက်မှာထပ်ကျွေးဖို့လိုသေးလားခဗျာပုလဲ၂အိတ်ပိုတက်၂အိတ်ဂျစ်ပ်ဆန်၂အိတ်ဝယ်ထားလို့၂ပတ်စာ

ဇော်ထက်
ဇော်ထက် 28 လွန်ခဲ့သော ၂ ပတ် က

စပါးလုံးချိန်ဘာဆေးသုံးရမလဲ

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ ပတ် က

တစ်ဧကကိုဂျစ်ဆမ်တစ်အိတ်ပိုတက်ရှ် အိတ်ဝက်ကြဲပက်ကျွေးနိုင်ပါတယ်၊ ရေထုတ်တာက ၁-၂ရက်လောက်ကုန်စင်အောင်ထုတ်ပြီးနောက်ရက်မှာ ရေပြန်သွင်းနိုင်ပါတယ်

kyaw zin
kyaw zin 2,164 လွန်ခဲ့သော ၂ ပတ် က

ရေသွင်းရေထုတ်ကဘယ်နှစ်ရက်ရေသွင်းပြီးဘယ်နှစ်ရက်ရင်ထုတ်ရသလဲခဗျပိုတက်နဲ့ပုလဲကိုဘယ်​ရက်လောက်ကျွေးရမလဲခဗျဂျစ်ပ်ဆမ်လဲဝယ်ထားပါတယ်၁ဧကကျွေးရမဲ့နူန်းထားလေးဖြေပေးပါခဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။