အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
158
လွန်ခဲ့သော ၂ ပတ် က · ရွှေတောင်

ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေး‌သုံးထားပြီးပါပြီ မြေဩ...

ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေး‌သုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ

အပင်အာဟာရ စပါး
Post image

ဖြေကြားချက် ၃ ခု

348,989 လွန်ခဲ့သော ၂ ပတ် က

စပါးခင်းတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါ (BLB) အတွက် ဆေးဖျန်းပြီးပါက အပင်ဆဲလ်နံရံများ ကြံ့ခိုင်ပြီး ကိုယ်ခံအားကောင်းစေရန် ပိုတက်ဆီယမ် (မြေဩဇာ/ရွက်ဖျန်း) ကို မဖြစ်မနေ ထည့်သွင်းပေးသင့်ပါတယ်။ ရောဂါပိုးပြန့်ပွားမှုကို တားဆီးရန်အတွက် ဆေးဖျန်းပြီးနောက် လယ်ခင်းအတွင်းရှိ ရေများကိုကုန်အောင်ဖောက်ထုတ်၍ မြေနေလှန်းပေးရပါမယ်။ မြေကြီးပြန်စိုစွတ်လာချိန် (သို့မဟုတ်) ဆေးဖျန်းပြီး ၃ ရက်မှ ၅ ရက်အတွင်း မြေဩဇာကျွေးနိုင်ပြီး၊ ၁ ဧကလျှင် ပိုတက်ရှ် (MOP) ၁၅ ပေါင် မှ ပေါင် ၂၀ နှုန်းကို ယူရီးယား (ပုလဲ) မြေဩဇာနှင့် လုံးဝမရောစပ်ဘဲ သီးသန့်ကြဲပက်ကျွေးရပါမယ်။ဂျစ်ဆမ်ဖြင့်ရောကျွေးနိုင်ပါတယ်။ အရွက်မှတစ်ဆင့် အာဟာရချက်ချင်းရစေရန် ပိုတက်ဆီယမ်ပါဝင်သော ရွက်ဖျန်းမြေဩဇာကိုလည်း လမ်းညွှန်ချက်အတိုင်း ဖြန်းပေးနိုင်သေးတယ်။ ရောဂါငြိမ်သက်ခြင်းမရှိသေးမီ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ထပ်မံကျွေးခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။ဆေးတခါဖျန်းပြီးတိုင်းရောဂါ ကင်းအရွက်များ ထံသို့ ကူးစက်ပျံ့နှံ့ခြင်းရှိမရှိအမြဲစစ်ဆေးပါ။

77 လွန်ခဲ့သော ၂ ပတ် က

ပိုတတ်ကို25ကီလိုအနည်းဆုံးကျွေးပါ

77 လွန်ခဲ့သော ၂ ပတ် က

ပိုတတျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။