အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
4,068
လွန်ခဲ့သော ၂ ပတ် က · ပြင်ဦးလွင်

မိုးများပီးပန်းအရွက်တေဒီလိုဖစ်နေလို့ပါ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

348,957 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ဂန္ဓမာရွက်တွင် တွေ့ရသော လက္ခဏာမှာ မိုးများပြီး စိုစွတ်သော ရာသီဥတုတွင် အဖြစ်များသည့် ရွက်ပြောက်ရွက်ခြောက်ရောဂါ ဖြစ်ပါတယ်။ ၎င်းသည် မှိုကြောင့်ဖြစ်သော Septoria Leaf Spot သို့မဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်သော Bacterial Leaf Spot နှစ်မျိုးလုံး ဖြစ်နိုင်ချေရှိသဖြင့် ပင်စည်ပြတ်ကို ရေကြည်တွင်စိမ်၍ နွားနို့ရောင်အချွဲထွက်/မထွက် စမ်းသပ်ခွဲခြားနိုင်ပါတယ်။ ကာကွယ်ရန်အတွက် ရောဂါရအရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ အကယ်၍ စမ်းသပ်ချက်အရ မှိုရောဂါ ဖြစ်ပါက မန်ကိုဇက် (Mancozeb)၊ ကလိုရိုသာလိုနေး (Chlorothalonil) သို့မဟုတ် အဇိုဆီစထရိုဘင် (Azoxystrobin) ဆေးကိုလည်းကောင်း၊ ဘက်တီးရီးယားဖြစ်ပါက ကြေးနီဓာတ်ပါသော ကော့ပါးဆေး (Copper Oxychloride) ကိုလည်းကောင်း စနစ်တကျ ပြောင်းလဲပက်ဖျန်းပေးရပါမယ်။အရင်က မှိုသတ်ဆေးဘာဆေးတွေများဖျန်းထားသေးလဲ။

4,068 လွန်ခဲ့သော ၁ ပတ် က

ဟုကျကဲ့ပါဆရာ

348,957 လွန်ခဲ့သော ၁ ပတ် က

ကိုချမ်း ပို့အသစ်တင်မေးပေးပါဦး၊မန့်တွေက ဖတ်မရတော့လို့ပါ

4,068 လွန်ခဲ့သော ၁ ပတ် က

မန်ကိုဇက်၊ဆိုင်မောက်စနေး၊ဟက်ဇာကိုနာဇိုး၊ပရိုပီကိုနာဇိုး၊ကာဘင်ဒါဇင်၊ကော့ပါးအောက်စီကလိုရိုက်၊အလှည့်ကြဖျန်းထားပါတယ်အခုကမိုးအရမ်းများနေတယ်ဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။