အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
366
လွန်ခဲ့သော ၂ ပတ် က · ကဝ

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်...

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

စိုက်ပျိုးစီးပွား စပါး

ဖြေကြားချက် ၇ ခု

349,556 လွန်ခဲ့သော ၁ ပတ် က

သဲဆန်သောမြေသည် ရေနှင့် အာဟာရဓာတ်ကို ထိန်းသိမ်းနိုင်စွမ်း နည်းပါးသောကြောင့် ၁၅ ရက်သား စပါးပျိုးခင်းကို ပြုစုရာတွင် အာဟာရဖြည့်တင်းခြင်းနှင့် ရေစီမံခန့်ခွဲခြင်းကို အဓိကထား လုပ်ဆောင်ရပါမယ်။ ယူရီးယားဓာတ်မြေဩဇာကို တစ်ကြိမ်တည်းအများကြီးမကျွေးဘဲ ပျိုးခင်းတစ်ဧကအကျယ်ရှိလျှင် အိတ်ဝက်နှုန်း (သို့မဟုတ်) အကွက်အလိုက် ပမာဏအနည်းငယ်ကို ပါးပါးခွဲကြဲပေးရပါမယ်။ မြေအစိုဓာတ်ရရှိစေရန် ရေကို ၁ လက်မခန့် အမြဲရှိနေအောင် ထိန်းသိမ်းပေးရမည်ဖြစ်ပြီး၊ ပျိုးပင်အာဟာရ မလုစေရန် ပေါင်းမြက်များကို လက်ဖြင့် နှုတ်ပစ်ရပါမယ်။ ပျိုးသက် ၂၀-၂၅ ရက်သားတွင် ရွှေ့ပြောင်းစိုက်ပျိုးရမည်ဖြစ်ပြီး၊ မနှုတ်မီ ၂ ရက်အလိုတွင် အမြစ်မပြတ်စေရန် ရေဝဝသွင်းထားပေးရပါမယ်။ပုံမမြင်ရလျင်ဒီလောက်ပဲခန့်မှန်းအကြံပြုပေးလို့ရပါမယ်ခင်ဗျာ။အကယ်၍ ပျိုးထောင်စဉ်က အောက်ခံမြေဩဇာ မထည့်ခဲ့ရပါက ပျိုးပင်အမြစ်ပွားများ သန်မာစေရန် တီစူပါ (ဖော့စဖရပ်) နှင့် ပိုတက်ရှ်မြေဩဇာ အနည်းငယ်ကို ပါးပါးပက်ကျွေးပေးနိုင်ပါတယ်။

349,556 လွန်ခဲ့သော ၁ ပတ် က

ပုံရိုက်ပြီး မိမိကိုယ်ပိုင်ပို့စ်အသစ်တင်ပြီးမေးပေးပါဗျ။

418 လွန်ခဲ့သော ၁ ပတ် က

ကျနော်ပျိုးခင်း15ရက်သားဘယ်လိုပြုစုရင်ကောင်းမလဲသဲမြေမို့ဘာ

349,556 လွန်ခဲ့သော ၁ ပတ် က

ကောင်းပါတယ်၊ အပင်လိုအပ်ချက်ကိုကြည့်ပြီးညွှန်ကြားရတာပါ။အပင်ပုံမပါရင်တော့ အချက်လက်ကိုကြည့်ပြီးညွှန်ကြားရတာပါ။ စပါးပင်ကအစိမ်း ရောင်အားကောင်းပြီး အရွက်ဖျား ခြောက်ရင်ပိုတက်ရှ်ချို့တဲ့ မှု ယူဆပြီး ပိုတက်ရှ်နှင့်ဂျစ်ဆမ်ရောကျွေးခိုင်းပြီး အပင်က အစိမ်းရောင်လည်းဖျော့ ပိုတက်ရှ်လည်းချို့တဲ့ဆိုရင် ပုလဲနှင့်ပိုတက်ရှ်ရောကျွေးခိုင်းမှာပါခင်ဗျာ

418 လွန်ခဲ့သော ၁ ပတ် က

ပုလဲနဲနဲပိုတက်ရောပက်ရင်မကောင်းဘူးလား

366 လွန်ခဲ့သော ၂ ပတ် က

ကျေးဇူအများကြီးတင်ပါတယ်ဗျာ

349,556 လွန်ခဲ့သော ၂ ပတ် က

လက်တွေ့တွင် ပုလဲကျွေးပါက အပင်ကို ဆဲလ်ရှည်ထွက်စေပြီး အနှံကို အပြင်သို့ အတင်းတွန်းထုတ်ပေးသဖြင့် အနှံထွက်မြန်သည်ဟု ထင်ရသော်လည်း၊ ပိုတက်ရှ်သည် အပင်ကို မရှည်စေဘဲ ပင်စည်ကျစ်လစ်အောင်နှင့် အစာစုဆောင်းအောင် ပြုလုပ်ပေးသဖြင့် အမြင်အားဖြင့် ငြိမ်ပြီး အနှံထွက်နောက်ကျနေသလို ထင်ရတာပါ။ သို့သော် ပုလဲကြောင့် ထွက်လာသောအနှံသည် ပိုးမွှားဒဏ်မခံနိုင်ဘဲ အဖျင်းများတတ်ပြီး၊ ပိုတက်ရှ်ကြောင့် ထွက်လာသောအနှံသည် နှေးသော်လည်း အောင် စေ့စပါး ပိုမိုရရှိစေပါတယ်။ဆင်းသုခစပါး အနှံမြန်မြန်နှင့် ညီညီညာညာ ထွက်လာစေရန်အတွက် လယ်ကွင်းထဲတွင် ရေကို ၂ လက်မခွဲခန့် အမြဲရှိနေအောင် ဂရုစိုက်ပေးရမည်ဖြစ်ပြီး၊ အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းမြေသြဇာကို ပက်ဖျန်းပေးခြင်းက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။စပါးအနှံထွက်ချိန်သည် စပါးမျိုးစိတ်တူညီသော်လည်း စိုက်ပျိုးသည့်နည်းစနစ် (ကောက်စိုက်/အစေ့ချ)၊ ပျိုးသက်အနု/အရင့်၊ မြေဆီလွှာအမျိုးအစားနှင့် ကျွေးလိုက်သည့် မြေသြဇာ (ပုလဲဓာတ်လွန်ကဲမှု သို့မဟုတ် ချို့တဲ့မှု) တို့ပေါ်တွင် တိုက်ရိုက်မူတည်နေပါတယ်။ မိမိလယ်ကွက်က ၂ ရက်စောသော်လည်း အနှံမထွက်ဘဲ လယ်နီးနားချင်းလယ်က အရင်ထွက်သွားရခြင်းမှာ ၎င်းတို့လယ်ကွက်က ပျိုးသက် ပိုရင့်ခြင်း၊ အစေ့ချစနစ်ဖြစ်ခြင်း၊ သို့မဟုတ် မြေအမျိုးအစား ပိုမိုပူနွေးပြီး နိုက်ထရိုဂျင်ဓာတ် မျှတစွာရရှိခြင်းတို့ကြောင့် ဇီဝကမ္မဗေဒအရ ရက်သက်တမ်း ပိုမိုစောသွားရခြင်းဖြစ်ပါတတယ်။လက်ရှိစပါးခင်းရဲ့အသက်ရက်ပြောထားပေးပါဦး၊မိမိကများအနည်းငယ်လောနေတာလည်းဖြစ်နိုင်လို့ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။